အစ္စရေးရဲတွေက ဂျေရုစလင်မြို့ကိုပိတ်တော့မည်
15 Oct 2015 1,413 Views
လူသေဆုံးတဲ့အထိဖြစ်ပွားတဲ့တိုက်ခိုက်မှုတွေကိုရပ်တန့်ဖို့ အစ္စရေးအစိုးရအဖွဲ့က အစ္စရေးရဲတွေကို ဂျေရုစလင်မြို့နေရာ တော်တော်များများကို ပိတ်ခွင့်ပေးလိုက်ပြီဖြစ်ပါ တယ်။တစ်ချို့နေရာတွေမှာရဲအကူအနေနဲ့ စစ်သားတွေကိုတပ်ဖြန့်သွားမယ်လို့လည်း အစိုးရအဖွဲ့ကပြောပါတယ်။ဂျေရုစလင်နဲ့အစ္စရေးအလယ်ပိုင်းမှာ ဓားထိုးတာနဲ့ပစ်ခတ် တာဖြစ်လို့လူပေါင်း ၂၀ ကျော်ဒဏ်ရာရပြီး နောက်ထပ် အစ္စရေး ၃ ဦးသေဆုံးနောက်မှာ အစိုးရဖွဲ့ကရဲတပ်ဖွဲ့ကိုအခုလိုလုပ်ပိုင်ခွင့်ပေးလိုက်တာဖြစ်ပါတယ်။အစ္စရေးထိပ်တန်းလုံခြုံရေးအရာရှိတွေနဲ့အပြင်းအထန်ဆွေးနွေးပြီးနောက်မှာအခုကြေညာချက်ကိုထုတ်ပြန်တာလို့ဝန်ကြီးချုပ်ရုံးကသတင်းထုတ်ပြန်ပါတယ်။အကြမ်းဖက်မှုတွေထပ်ဖြစ်လာမှာကိုတိုက်ဖျက်တဲ့အနေနဲ့ ဂျေရုစလင်ရဲ့နေရာအများစုမှာ ညမထွက်ရအမိန့်ထုတ်ပြန်တာဒါမ ဟုတ်အ၀င်အထွက်ပိတ်တာမျိုးတွေကို ရဲတွေကိုလုပ်ခွင့်ပေးလိုက်တာလို့လည်းဝန်ကြီး ချုပ်ရုံးထုတ်ပြန်ချက်မှာပါရှိပါတယ်။မကြာသေးခင်တုန်းက တိုက်ခိုက်တာတွေကို ပြုလုပ် သူတွေဟာအရှေ့ဂျေရုစလင်ရဲ့အာရပ်တွေနေထိုင်တဲ့နေရာတွေကဖြစ်တယ်လို့ အစ္စရေးအရာရှိတွေကပြောပါတယ်။