သမ္မတရာထူးအာဏာအပ်နှင်းသည့်အခမ်းအနားမတိုင်မီ ဝါရှင်တန်မြို့တော်၌ လုံခြုံရေးတပ်ဖွဲ့များ စောစီးစွာ တပ်ဖြန့်ထား
15 Jan 2021 1,687 Views

အမေရိကန်ဥပဒေပြု လွှတ်တော်အဆောက်အအုံကို ဝင်ရောက်စီးနင်းမှုများဖြစ်ပွားခဲ့ပြီးနောက် ရွေးကောက်ခံ သမ္မတ ဂျိုးဘိုင်ဒင်အား သမ္မတရာထူးအာဏာများ အပ်နှင်း သည့် အခမ်းအနားကျင်းပမည့် ဇန်နဝါရီ ၂၀ ရက်မတိုင်မီ ဝါရှင်တန်မြို့၌ လုံခြုံရေးတပ်ဖွဲ့များကို သတ်မှတ်ထားသည့် အချိန်ထက်စောပြီး တပ်ဖြန့်ချထားခဲ့ကြောင်း သိရသည်။
စတင်ထမ်းဆောင် လုံခြုံရေးအထူးတပ်ဖွဲ့များသည် ယမန်နေ့မှစပြီး ဝါရှင်တန် ဒီစီမြို့တော်၌ လုံခြုံရေးတာဝန်များကို စတင် ထမ်းဆောင်လျက်ရှိသည်။ လုံခြုံရေးအထူးတပ်ဖွဲ့များအနေဖြင့် ဂျိုးဘိုင်ဒင် သမ္မတရာထူးကို စတင်ထမ်းဆောင်မည့် ဇန်နဝါရီ ၂၀ ရက်မတိုင်မီ တစ်ရက်အလိုမှသာ လုံခြုံရေးအထူးတာဝန် များကို စတင်ထမ်းရွက်ရမည်ဖြစ်သော်လည်း ဇန်နဝါရီ ၆ ရက်တွင် သမ္မတထရမ့်အားထောက်ခံသူများက ဥပဒေပြု လွှတ်တော် အဆောက်အအုံအတွင်းသို့ ဝင်ရောက်စီးနင်းမှုများလုပ်ဆောင်ခဲ့သည့်အတွက် ယခုကဲ့သို့ သတ်မှတ်ချိန် မတိုင်မီ လုံခြုံရေးဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။
ဥပဒေပြုလွှတ်တော်နှင့် အိမ်ဖြူတော်အနီးဝန်းကျင်ရှိ လမ်းမများ၌ ဘလောက်တုံးများချကာ လုံခြုံရေးတင်းကျပ်စွာ ဆောင်ရွက်လျက်ရှိသည်။ တပ်ဖြန့်ထားမည် သမ္မတရာထူးအာဏာအပ်နှင်းပွဲအခမ်းအနား စတင် မည့်ရက်တွင် လုံခြုံရေးအရာရှိ ၂၀ဝ၀ဝ ကျော်ကို မြို့တော် အတွင်း၌ တပ်ဖြန့်ထားမည်ဖြစ်ကြောင်း ဝါရှင်တန်ဒီစီ ရဲအရာရှိတစ်ဦးက ဆိုသည်။
နိုင်ငံတစ်ဝန်းရှိ ပြည်သူထောင်ပေါင်းများစွာက သမ္မတ ရာထူးအာဏာအပ်နှင်းပွဲအခမ်းအနားကို လာရောက် ကြည့်ရှုလေ့ရှိသည်။ သို့သော် ယခုအချိန်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့ မှုများ မြင့်တက်လျက်ရှိသည့်အပြင် ရွေးကောက်ပွဲရလဒ်ကို ကျေနပ်မှုမရှိသည့် ပြည်သူများက ပဋိပက္ခများ ဖန်တီး လုပ် ဆောင်နိုင်ဖွယ်ရှိသည့်အတွက် ယခုနှစ်သမ္မတရာထူး အာဏာအပ်နှင်းပွဲအခမ်းအနားသို့ လာရောက်ခြင်းမပြုကြ ရန် ဝါရှင်တန်မြို့တော်ဝန် မူရီယယ်ဘော်ဆာက ပြည်သူများအား တိုက်တွန်းပြောကြားခဲ့သည်။
ကိုးကား- အင်န်အိတ်ချ်ကေ၊
ဘာသာပြန်- အောင်ကျော်ကျော် The Mirror