(MNA)လေကြောင်းလိုင်းရဲ့ပြည်ပခရီးစဉ်သစ်အတွက် ဘိုးရင်း(737)လေယာဉ်ထပ်မံ ရောက်ရှိ
15 Oct 2015 1,398 Views
မြန်မာအမျိုးသားလေကြောင်းလိုင်း(MNA)အနေနဲ့ ဒီဇင်ဘာလအတွင်းပြည်ပခရီးစဉ် သစ်တိုးချဲ့ပြေးဆွဲဖို့ ဘိုးရင်းနောက်ထပ်(737)လေယာဉ်မှာယူထားရာမှာရန်ကုန်လေဆိပ်ကိုအောက်တိုဘာလ(၁၃)ရက်က ရောက်ရှိလာပါတယ်။(MNA)လေကြောင်းလိုင်းအနေနဲ့အခုရောက်ရှိတဲ့ လေယာဉ်အသစ်နဲ့ ဒီဇင်ဘာလမှာရန်ကုန်-ဟောင်ကောင်နဲ့ ရန်ကုန်-တိုင်ပေခရီးစဉ်တွေ အပြင်အရင်ပြေဆွဲနေတဲ့ပြည်တွင်းခရီးစဉ်(၂၆)နေရာကိုလည်း ပျံသန်းသွားမယ်လို့သိရ ပါတယ်။(MNA) လေကြောင်းလိုင်းဟာဘိုးရင်း 737 လေယာဉ်(၁၀)စီးကိုအမေရိကန်က နေမှာယူထားပြီးပြည်ပခရီးစဉ်တွေပြေးဆွဲနေတာလည်းဖြစ်ပါတယ်။ဒီဇင်ဘာလမှာပြေးဆွဲမယ့် ဘိုရင်း 737 ခရီးမှာခရီးသည် ၁၆၀ ဦးတင်ဆောင်နိုင်ပြီး ရန်ကုန်-ဟောင်ကောင် ခရီးကိုတစ်ပတ်(၃)ရက်နဲ့ ရန်ကုန်-တိုင်ပေခရီးစဉ်ကိုတစ်ပတ်(၄) ရက်ပြေးဆွဲမယ်လို့သိ ရပါတယ်။