BEC-TERO TV

လူကုန်ကူးတရားခံလို့ ယူဆရသူများကိုတရားစွဲမည့်အမှုအတွက်သက်သေထွက်ဆိုရန် မြန်မာရေလုပ်သားများအင်ဒိုနီးရှားနိုင်ငံသွားမည်

15 Oct 2015     1,390 Views


အင်ဒိုနီးရှားရောက် မြန်မာရေလုပ်သားတွေပေါ်လူကုန်ကူးခဲ့တဲ့တရားခံဟုယူဆထားသူ (၈)ဦးကို အင်ဒိုနီးရှားရဲတပ်ဖွဲ့ကဖမ်းမိထားပြီး တရားစွဲဆိုနိုင်ရေး မြန်မာရေလုပ်သား တွေဘက်ကသက်သေထွက်ဆိုပေးဖို့လို့မယ်လို့သိရပါတယ်။ဒါ့ကြောင့်အမှုကြားနာဖို့ မြန်မာရေလုပ်သား(၂၂)ဦးကိုကမ်းလှမ်းထားရာမှာအများစုကိုသက်သေအဖြစ်သွားရောက်ထွက်ဆိုခွင့်ပြုသွားမယ့်လို့မြန်မာနိုင်ငံလူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့မှာ ရဲမှူးကြီးခင်မောင်လှ ကပြောပါတယ်။ဒီမှုကို တရားစွဲဆိုနိုင်ရေး အင်ဒိုနီးရှားရှိ NGO အဖွဲ့တစ်ခုဖြစ်တဲ့ “သက်သေများနှင့်လူကုန်ကူးခံရသူများကို ကာကွယ်စောင့်ရှောက် ရေးအဖွဲ့”က တာဝန်ယူထားပြီးလုပ်အားခေါင်းပုံဖြတ်ခိုင်းစေတဲ့ ကုမ္ပဏီကိုပါတရားစွဲဆို သွားမယ့်လို့သိရပါတယ်။


15 Oct 2015     1,390 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS