BEC-TERO TV

ရေကာတာဆောက်နေတဲ့ မဲခေါင်မြစ်အထက်ပိုင်းကို တရုတ်က ရက် ၂၀ ကြာ ပိတ်မည်

07 Jan 2021     1,610 Views


မဲခေါင်မြစ် အထက်ပိုင်းမှာရှိနေတဲ့ တရုတ်နိုင်ငံကရေအားလျှပ်စစ်ထုတ်ယူဖို့ သူတို့ တည်ဆောက်ထားတဲ့ ရေကာတာအတွက် ရက် ၂၀ကြာ မဲခေါင်မြစ် အထက်ပိုင်း ရေစီးကြောင်းကို တားဆီးဖို့ ရှိနေကြောင်း အိမ်နီးချင်းနိုင်ငံတွေကို အကြောင်းကြားခဲ့တယ်လို့ မဲခေါင်မြစ် ကော်မရှင် (MRC) နဲ့ ထိုင်းနိုင်ငံက ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့ပါတယ်။

တရုတ်အနေနဲ့ မဲခေါင်မြစ် အောက်ဖက်မှာရှိနေတဲ့ နိုင်ငံတွေကို ဒီဇင်ဘာ (၃၁)ရက်မှာ စတင်တဲ့ မြစ်ရေစီးကြောင်းကန့်သတ်မှုကို အကြောင်းကြားဖို့ ပျက်ကွက်ခဲ့ကြောင်း အမေရိကန် ကျောထောက်နောက်ခံပေးထားတဲ့ စောင့်ကြည့်ရေးစနစ်သစ်ကနေ ထုတ်ပြန်ပြီး နောက်တရက်မှာ အခုလို ကြေညာချက်တွေ ထွက်ပေါ်လာခဲ့တာပါ။

မဲခေါင်မြစ် ကော်မရှင်နဲ့ အချက်အလက်တွေ မျှဝေဖို့ တရုတ်နိုင်ငံက ပြီးခဲ့တဲ့ အောက်တိုဘာလက သဘောတူထားခဲ့ပါတယ်။ အဲဒီကော်မရှင်မှာ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် ပါဝင်တဲ့ အကြံပေးအဖွဲ့ဖြစ်ပါတယ်။ ဒီကော်မရှင်အနေနဲ့ စီမံကိန်းအတွက် သတင်းအချက်အလက်တွေကို အချိန်ကြာမြင့်စွာကတည်းက ရှာဖွေခဲ့ကြတာဖြစ်ပါတယ်။ မဲခေါင်မြစ်ရေကို မှီတင်းပြီး နေထိုင်သူပါင်း သန်း (၆၀)ကျော်ဟာ အဲဒီနိုင်ငံတွေက ဖြစ်ပါတယ်။

တရုတ်နိုင်ငံအနေနဲ့သူတို့ရဲ့ Jinghong ရေကာတာအတွက် မဲခေါင်မြစ်ရေ စီးဆင်းမှုကို ၁ စက္ကန့်ကို ၁,၉၀၄ ကုဗမီတာ ကနေ ၁၀၀၀ ကုဗမီတာအထိ ဇန်နဝါရီ ၅-၂၄ ရက်နေ့ထိ လျှော့ချဖို့ရှိကြောင်း အင်္ဂါနေ့က အကြောင်းကြားခဲ့တယ်လို့ ထိုင်းနိုင်ငံ ရေအရင်းမြစ်ဌာန က ပြောဆိုခဲ့ပါတယ်။

Source : VOA


07 Jan 2021     1,610 Views




RELATED

Most Popular of International News

Most Popular of NEWS