BEC-TERO TV

ပရိသတ်တွေကြား ပြောစမှတ်ဖြစ်အောင် ဟော့ရမ်းသွားတဲ့ အေးမြတ်သူရဲ့ဖက်ရှင်

08 Dec 2020     2,758 Views


ဒီဇင်ဘာလ ၄ ရက်နေ့က ပြုလုပ်ခဲ့တဲ့ 2020 Asian Academy creative awards virtual red carpect show ကို တက်ရောက်ခဲ့တဲ့ သရုပ်ဆောင်အေးမြတ်သူရဲ့ဖက်ရှင်က လတ်‌တလောပရိသတ်တွေကြားမှာ ပြောစမှတ်ဖြစ်‌သွားပြီး ဝေဖန်မှု‌တွေလည်း အနည်းငယ်ကြုံတွေ့နေရပါတယ်။

အေးမြတ်သူရဲ့ အဆီပိုမရှိ ချပ်ရပ်လှပတဲ့ကိုယ်လုံးလေးနဲ့ သေးသွယ်‌ဖြောင့်စင်းနေတဲ့ပေါင်တံအလှကို ပေါ်လွင်အောင်အသား‌ပေးဖန်တီးချုပ်လုပ်ထားတဲ့ ထို၀တ်စုံလေးက‌ ဖက်ရှင်ဒီဇိုင်နာ ရှတရရဲ့ ဖန်တီးမှုလက်ရာဖြစ်တယ်လို့ သိရပါတယ်။

အေးမြတ်သူကတော့ ထို၀တ်စုံလေးနဲ့ နိုင်ငံတစ်ကာက အလှမယ်တစ်ယောက်လို ကျော့ရှင်းလှပနေပေမယ့်လို့ ပေါင်းအရင်းလောက်ထိ ခွဲကြောင်းဖော်ထားတဲ့ အေးမြတ်သူရဲ့ဖက်ရှင်က တစ်ချို့သော မြန်မာ့ယဉ်ကျေးမှုကို ချစ်မြတ်နိုးကြသူ ပရိသတ်တွေကြားမှာတော့ ယဉ်ကျေးမှုနဲ့မကိုက်ညီ အမြင်မတင့်တာကြောင့် ဝေဖန်မှု‌တွေ ဖြစ်ပေါ်နေတာပါ။

တစ်ချို့သော ပရိသတ်တွေကတော့ သူမရဲ့အလှကို ချီးမွမ်းနေကြတာလည်း တွေ့မြင်ရပါတယ်။ မည်သို့ပင်ဖြစ်စေ အေးမြတ်သူကတော့ ဒီဇိုင်နာ ရှတရရဲ့ဖန်တီးမှု၀တ်စုံလေးနဲ့ သူမရဲ့ပင်ကိုအလှတို့ပေါင်းစပ်ပြီး ပရိသတ်တွေကို ဖမ်းစားနိုင်ခဲ့တာတော့ အမှန်ပါပဲနော်...

 

(ပိုပိုလေး)


08 Dec 2020     2,758 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment