အန်ကာရာမှာဖြစ်ပွားတဲ့ ဗုံးပေါက်ကွဲမှုရုပ်ပုံတွေနဲ့သတင်းဖော်ပြမှု တူရကီအစီုးရက တားမြစ်လိုက်
14 Oct 2015 1,419 Views
မြို့တော် အန့်ကာရာက ဘူတာရုံအပြင်ဘက်မှာဖြစ်ပွားတဲ့ ဗုံးပေါက်ကွဲမှုဖြစ်ပွားချိန်နဲ့ ဖြစ်ပွားပြီး ရုပ်ပုံတွေကိုအသုံးပြုပြီးသတင်းဖော်ပြတာကို တူရကီအစီုးရကနိုင်ငံအတွင်း မှာတားမြစ်လိုက်ပါတယ်။ငြိမ်းချမ်းစွာစုဝေးဆန္ဒပြနေတဲ့သူတွေကြားမှာဗုံးပေါက်ကွဲ မှု ၂ ခုစနေ နေ့တုန်းကဖြစ်ပွားခဲ့လို့ လူပေါင်း ၉၅ ဦးသေးဆုံးပြီး နောက်ထပ်လူပေါင်း ၂၄၆ ဦးဒဏ်ရာရှိခဲ့တာပါတယ်။ဒီလိုရုပ်ပုံတွေအသုံးပြုတာဟာ အကြမ်းဖက်မှုကိုဝါဒဖြန့်တယ် လို့အစီုးရက ယူဆထားတယ်ဆိုရင်ရုပ်ပုံတွေကိုအသုံးပြုထုတ်လွှင့်တာမျိုးကို တူရကီ အစီုးရကပိတ်ပစ်လေ့ရှိပါတယ်။ဒါပင်မယ့် ဒီဖြစ်ရပ်နဲ့ပတ်သက်တဲ့ထုတ်ပြန်ချက်တွေကို တော့ပြည်တွင်းရုပ်သံဌာနတွေထုတ်လွှင့်ခွင့်ရနေတုန်းဖြစ်ပါတယ်။