မော်တော်ယာဉ်အာမခံအတွက်မြင်သာ ကညန ရှိအာမခံရုံးခွဲတွင်လာရောက်လုပ် ဆောင်သူနည်းပါးနေသေး
13 Oct 2015 1,485 Views
မော်တော်ကားအာမခံအတွက်အနောက်ပိုင်းခရိုင်မြင်သာ ကညနရုံးမှာ အာမခံရုံးခွဲကိုပြီး ခဲ့တဲ့ စက်တင်ဘာလက ဖွင့်လှစ်ထားပေမယ့် နေ့စဉ်ပျမ်းမျှကားအစီးရေ နှစ်ရာကျော် လောက်သာအာမခံလာရောက်ဆောင်ရွက်ကြတယ်လို့ မြန်မာ့အာမခံလုပ်ငန်းမှ တာဝန် ရှိသူကပြောပါတယ်။မြန်မာ့အာမခံရုံးမှာအရင်ကနေ့စဉ်ကားအစီး ယာဉ်(၈၀၀)ကျော် အာမခံလာလုပ်ကြပြီးအခုအခါမှာတော့ နေ့စဉ်ကားအစီးရေ(၆၀၀)ကျော်လောက် အာမခံလာရောက်လျှောက်ထားတယ်လို့သိရပါတယ်။ဒါပင်မယ့် လမ်း(၃၀)ရှိမြန်မာ့အာ မခံရုံးအပြင်မြင်သာအာမခံရုံးခွဲဖွင့်လှစ်လိုက်ပေမယ့် မြန်မာအာမခံလုပ်ငန်းမှာ မော်တော်ကားအာမခံလာရောက်လုပ်ဆောင်သူသိသိသာသာလျော့နည်းမသွားလို့သိရပါတယ်။မော်တော်ယာဉ်အာမခံထားဖို့လမ်းဆုံးဆယ်ရှိ မြန်မာအာမခံလုပ်ငန်း ရုံးချုပ်နဲ့ မြင်သာမှရှိတဲ့အာမခံရုံးခွဲတွေမှာ လုပ်ဆောင်နိုင်င်တဲ့အပြင် ပြင်ပ ပုဂ္ဂလိက အာမခံလုပ်ငန်း(၆)ခုမှာလည်းအာမခံထားနိုင်နေပြီးဖြစ်ပါတယ်။