BEC-TERO TV

ဗီယက်နမ်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို မျောက်များနှင့် စမ်းသပ်

03 Nov 2020     1,503 Views


ဗီယက်နမ်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို မျောက်များဖြင့်စမ်းသပ်မှု စတင်ခဲ့သည်ဟု သိရသည်။ ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ Vabiotech ကုမ္ပဏီက မာကာကာမူလတ်တာမျိုးနွယ်ဝင် မျောက် ၁၂ ကောင်ဖြင့် ဗိုင်းရပ်စ်ကာကွယ်ဆေး လက်တွေ့စမ်းသပ်မှုများ စတင်ခဲ့ ခြင်းဖြစ်သည်။

ဗိုင်းရပ်စ်ကာကွယ်ဆေး လက်တွေ့စမ်းသပ်မှုများကို ဗီယက်နမ်နိုင်ငံမြောက်ပိုင်း ကောင်နင်ပြည်နယ်အလွန်ရှိ ရီအော်ကျွန်းပေါ်၌ အောက်တိုဘာ ၂၇ ရက်က ပြုလုပ်ခဲ့ ခြင်းဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ကာကွယ်ဆေး နှင့် ဇီဝဗေဒဆိုင်ရာ သုတေသနနှင့် ထုတ်လုပ်ရေးဗဟိုဌာန အကြီးအကဲ ဗူကောင်လောင်က အတည်ပြုခဲ့သည်။ စမ်းသပ်ခံမျောက်များက အသက် ၃ နှစ်မှ ၅ နှစ်အတွင်း ဖြစ်ပြီး ကိုယ်အလေးချိန် ၃ ကီလိုဂရမ်ကျော်စီရှိကြောင်း၊ မျောက်များကို ကျန်းမာရေးစစ်ဆေးခဲ့ပြီး မည်သည့် ကူးစက်ရောဂါမျှမရှိကြောင်း Vabiotech ကုမ္ပဏီ ညွှန်ကြား ရေးမှူး ဒိုတွမ်ဒတ်က ပြောသည်။

မျောက်များကို ဗိုင်းရပ်စ်ကာကွယ်ဆေးထိုးပြီး နောက် သုံးလကြာ စောင့်ကြည့်မည်ဖြစ်သည်။ သုံးလပြည့် လျှင် မျောက်များထံမှ သွေးနမူနာယူကာ ထပ်မံ၍ စိစစ် လေ့လာရန် ဟနွိုင်းမြို့တော်သို့ ပို့မည်ဖြစ်သည်။ မျောက် များကို ကာလနှစ်ခုဖြင့် စမ်းသပ်မည်ဖြစ်သည်။ ကာလ တစ်ခုစီတွင် မျောက်များကို အုပ်စုနှစ်ခုခွဲထားမည်ဖြစ်ပြီး အုပ်စုတစ်ခုကို ဗိုင်းရပ်စ်ကာကွယ်ဆေးထိုးကာ နောက် တစ်အုပ်စုကို ဗိုင်းရပ်စ်ကာကွယ်ဆေးထိုးပေးမည်မဟုတ် ပေ။ ထို့နောက် မျောက်များကို သီးခြားကျွန်းများ၌ထား၍ နေ့စဉ် စောင့်ကြည့်သွားမည်ဖြစ်သည်။

မျောက်များကို ၁၈ ရက်၊ ၂၁ ရက်စီခြား၍ ဗိုင်းရပ်စ်ကာကွယ်ဆေး နှစ်ကြိမ် ထိုးပေးမည်ဖြစ်သည်။ ဒုတိယအကြိမ် ဗိုင်းရပ်စ်ကာကွယ်ဆေး ထိုးပေးပြီး လျှင် ဆေးထိုးထားသည့် မျောက်အုပ်စုနှင့် ဆေးမထိုးထား သော မျောက်အုပ်စုကြား သက်ရောက်မှုများသိရှိရန် သုတေသီများက ကိုယ်ခံအားတုံ့ပြန်မှုကို အကဲဖြတ်မည် ဖြစ်သည်။ Vabiotech ကုမ္ပဏီသည် ဇွန်လအတွင်းက ဗိုင်းရပ်စ်ကာကွယ်ဆေးကို ကြွက်များဖြင့် စမ်းသပ်ခဲ့သေး သည်။

ကြွက်များဖြင့် စမ်းသပ်မှုများမှ အချက်အလက်များ ရရှိခဲ့ပြီး သိပ္ပံပညာရှင်များက ဗိုင်းရပ်စ်ကာကွယ်ဆေးကို အခြားတိရစ္ဆာန်များဖြင့် စမ်းသပ်မှု ဆက်လက်ပြုလုပ်မည် ဖြစ်သည်။ မျောက်များဖြင့် စမ်းသပ်မှုရလဒ်များက ဗိုင်းရပ်စ် ကာကွယ်ဆေးကို လူများဖြင့်စမ်းသပ်မည့် နောက် တစ်ဆင့်အတွက် အခြေခံအုတ်မြစ်တစ်ခု ဖြစ်လာမည် ဖြစ်သည်။

ကိုးကား - ဗွီအင်န်အေ

ဘာသာပြန် - ကျော်ထိုက်စိုး/The Mirror


03 Nov 2020     1,503 Views




RELATED

Most Popular of International News

Most Popular of NEWS