BEC-TERO TV

သြစတီးယားမြို့တော် ဗီယင်နာမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့ကာ အနည်းဆုံး ၁ ဦးသေဆုံး၊ ၁၅ ဦး ဒဏ်ရာရ

03 Nov 2020     1,485 Views


သြစတီးယားမြို့တော် ဗီယင်နာမှာ ဒေသစံတော်ချိန် ည ၈ နာရီဝန်းကျင်က သေနတ်ပစ်ခတ်မှုဖြစ်ပြီး အနည်းဆုံး ၁ ဦးသေဆုံး၊ ၁၅ ဦး ဒဏ်ရာရတယ်လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။ သေနတ်သံကြားရပြီးတဲ့နောက် ရဲတပ်ဖွဲ့ဝင်တွေက ရှာဖွေရေးလုပ်နေပါတယ်။

ကနဦးသတင်းတွေအရ ဘုရားကျောင်းကိုတိုက်ခိုက်တာလို့ သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။ သြစတီးယားသတင်းဌာ APA က ပြည်ထဲရေးဌာနအရာရှိကို ကိုးကားရေးသားချက်အရ တိုက်ခိုက်သူတဦး သေဆုံးပြီး အခြားတဦးက ထွက်ပြေးနေတယ်လို့သိရပါတယ်။ မြို့လယ်မှာ ရဲတပ်ဖွဲ့က ရှာဖွေရေးလုပ်နေတဲ့အတွက် လူတွေကို အများပြည်သူဆိုင်ရာ နေရာတွေကနေ ရှောင်နေကြဖို့ တိုက်တွန်းထားပါတယ်။ ဒ

ါပေမယ့် ဒေသခံတဦးကတော့ ဒီနေ့ည သန်းခေါင်ချိန်ကစပြီး သြစတီးယားမှာ လော့ဒေါင်းချမှာမို့ ဘားတွေမပိတ်ခင် လူတွေက နောက်ဆုံးညအဖြစ် အပြင်ထွက်နေကြတယ်လို့ ပြောပါတယ်။

ကိုးကား - CNN


03 Nov 2020     1,485 Views




RELATED

Most Popular of International News

Most Popular of NEWS