ပူတာအိုက ကျေးရွာတွေမှာအပူဇော်ခံထားရှိမည့်ရွှေတိဂုံပုံစံတူစေတီငယ်များတည်ထား ပြီးစီး
12 Oct 2015 1,411 Views
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်းရှိ ကျွေးရွာ(၃)ရွာကအပူဇော်ခံထားရှိမယ့် ရွှေတိဂုံစေတီတော်ပုံစံတူ စေတီငယ် ၃ ဆူတည်တာပြီးစီးသွားပြီးဖြစ်ပြီး အခုတော့ ရွှေတိဂုံစေတီတော်မှာပဲရင်ငွေ့ခိုလှုံထားတယ်လို့သိရပါတယ်။ရွှေတိစေတီတော်ပုံတူစေတီတော်(၃)ဆူကို ပူတာအိုခရိုင်ရှိ ကချင်ပြည်နယ်ပူတာအိုခရိုင်ရှိ ဂူဘားရွာ၊ တအွန်ဒမ်း ရွာနဲ့ မဒိန်းရွာတို့မှာ အပူဇော်ခံထားရှိသွားမှာပါ။ပုံစံတူ စေတီတော်ငယ်တွေကိုအခုနှစ် ဖေဖော်ဝါရီလ ကစတင်တည်ထားတာဖြစ်ပြီးတစ်ပတ်အကြာရင်ငွေ့ခို့လှုံလို့အပြီး အောက်တိုဘာ ၁၈ ရက်နေ့မှာကချင်ပြည်နယ်ကိုပင့်ဆောင်မှာဖြစ်ပါတယ်။ဒီစေတီတော် တွေထဲက ၂ ဆူကိုတော့ သဘာဝခေါ်သံဖောင်းရှင်းက လှူဒါန်းတာဖြစ်ပြီးတစ်ဆူကို တော့ပြင်ပအလှူရှင်က လှူဒါန်းတာဖြစ်ပါတယ်။