BEC-TERO TV

သံလွင်မြစ်ကူး တံတားသစ် (တာကော်) တည်ဆောက်

23 Oct 2020     1,700 Views


မိထ္ထီလာ- တောင်ကြီး- ကျိုင်းတုံ- တာချီလိတ်လမ်း မိုင်တိုင်အမှတ် (၂၈၃/၂) နှင့် (၂၈၃/၄) အကြား သံလွင်မြစ်ကူးတံတား(တာကော်) အဟောင်း၏ ဘေးတွင် သံလွင်မြစ်ကူးတံတား (တာကော်)အသစ်အား တည်ဆောက်လျက်ရှိကြောင်း သိရသည်။ ယခုတည်ဆောက်လျက်ရှိသည့် သံလွင်မြစ်ကူးတံတား (တာကော်) အသစ်သည် နှစ်လမ်းသွား သံပေါင် သံကူကွန်ကရစ် တံတားဖြစ်ပြီး စုစုပေါင်း အရှည်ပေ(၁၁၅၁)ရှိကာ တန် (၆၀)ခံနိုင်သည့် တံတားဖြစ်သည်။

အဆိုပါ တံတားကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားအထူးအဖွဲ့မှ တာဝန်ယူတည် ဆောက်လျက်ရှိရာ လက်ရှိ (၆ ဒသမ ၄)% သာပြီးစီးသေး ကြောင်း သိရသည်။ သံလွင်မြစ်ကူးတံတား (တာကော်) အဟောင်း၏ တံတားသက်တမ်းမှာ (၄၅)နှစ် ခန့်ရှိပြီး ယိုယွင်း ပျက်စီးမှုများရှိလာခြင်းကြောင့် ယာဉ်ကြီးများ အဆင်ပြေ ချောမွေ့စွာ ဖြတ်သန်းသွားလာနိုင်ရန်အတွက် ယခုတံတားသစ်ကို တည်ဆောက်ရခြင်းဖြစ်ကြောင်း သိရသည်။

MRTV


23 Oct 2020     1,700 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS