BEC-TERO TV

ရဲများအလွယ်တကူပြန်ဖမ်းမိအောင် နာမည် နှင့် လိပ်စာ ထားခဲ့ပေးတဲ့ သူခိုး

20 Oct 2020     1,569 Views


လူတွေဟာ အမြဲတမ်း လွဲချော်မှုများဖြစ်တတ်ကြပါတယ်။ အထူးသဖြင့် အရာတစ်ခုခုကို ခတ်မြန်မြန်နဲ့ အလောတကြီးပြုလုပ်တဲ့အချိန်မျိုးဆိုရင် ပိုဖြစ်တက်ပါတယ် ။ သတင်းအရ မကြာသေးမီက အင်္ဂလန်နိုင်ငံ၊ ဆန်းဒါးလန်းမြို့ရှိ နေအိမ်တစ်လုံး၌ ဖေါက်ထွင်းမှုဖြစ်ပွားကြောင်း ရဲစခန်းသို့ တိုင်ကြားလာပါ တယ်။ ပေါင် ၁၅၀ တန်ဖိုးရှိသော သန့်ရှင်းရေးစက်တစ်လုံး အခိုးခံရတာလည်း ဖြစ်ပါတယ် ။

သူခိုးရဲ့ပေါ့ဆမှုကြောင့်လား ဒါမှမဟုတ် ရဲ လက်က ထွက်ပြေးရန် အရမ်းလောသွားလွန်းလို့လားတော့ မပြောတတ်ဘူး သူခိုးက ၎င်းအခင်းဖြစ်ပွားရာအိမ်မှာ ကျောပိုးအိတ်တစ်လုံး မတော်တဆမေ့ကျန်သွားခဲ့ပါတယ်။ ဖြစ်ချင်တော့ အထဲမှာ သူ၏နာမည်နှင့်နေရပ်လိပ်စာရေးသားထားတဲ့ စာတစ်စောင်တွေ့ရပါတယ်။ ထို့နောက် ရဲများ ခြေရာခံလိုက်လံရှာဖွေပြီးနောက် ၎င်း၏နေအိမ်၌ပင် လွယ်ကူချောမွေ့စွာ ဖမ်းဆီးခံလိုက်ရပါတယ်။

၎င်းသည် အသက် ၄၃ အရွယ်ရှိ “မယ်လ်ဂွမ် ပိုက်” ဆိုသူ အမျိုးသားတစ်ဦးဖြစ်ပြီး အိမ်အတွင်း၌ ခိုးယူလာသောသက်သေပစ္စည်း ပြန်ရရှိပြီး၊ ထပ်ပြီးတော့ အလားတူပစ္စည်းခိုးမှု ၂-၃ ခုထပ်မံတွေ့ရှိပြီးနောက် အဝတ်လှန်းတန်းမှ အဝတ်များခိုးမှုကျူးလွန်ခဲ့ဖူးသော သူတစ်ဦးလည်းဖြစ်ကြောင်း သိရှိရတယ်။

#popolaytv #popolay #popolaynews


20 Oct 2020     1,569 Views




RELATED

Most Popular of International News

Most Popular of NEWS