BEC-TERO TV

တမူထူးခြားစွာလှပနေသော ပါးရိုးအလှပိုင်ရှင်

20 Oct 2020     1,503 Views


လူတိုင်းမှာ အလှတရားကိုယ်စီရှိကြပါတယ်။ ကွဲပြားခြားနားသော ယဉ်ကျေးမှုဓလေ့ထုံးတမ်းများနှင့် အယူအဆများကြောင့်လည်း အလှအပဆိုင်ရာသတ်မှတ်ချက်များ အမျိုးမျိုးကွဲပြားခြားနားသွားကြပါတယ်။ အခုပြောပြမယ့် အလှတရားတစ်ခုကတော့ ယူဂရိန်းနိုင်ငံက မြို့တော်ဂီးယားပ်ရှိ အသက် ၃၀ အရွယ်ရှိ မော်ဒယ်တစ်ဦးလည်းဖြစ်သော “အနက်စတာစီယာ ပိုဂရက်ချုပ်” ဆိုသူဟာ သူမရဲ့သာမန်အရွယ်အစားထက် အလွန်ကြီးမားနေတဲ့ ပါးရိုးရဲ့အလှတရားကို အလွန်ဝမ်းမြောက်ကျေနပ်ပြီး ဂုဏ်ယူစွာဖော်ပြနေပါတယ်။

အခုလိုမျိုး တွေ့မြင်ရတဲ့ ပါးရိုးကြီးကြီးနဲ့ ပြည့်ပြည့်တင်းတင်းဖြစ်ဖို့ လွန်ခဲ့သော ၄ နှစ်တုန်းက ဖီလာစတင်ထိုးသွင်းခဲ့တာပါ။ ဒါ့အပြင် မျက်နှာတဝှိုက်ရှိ နဖူး၊ နှုတ်ခမ်း၊ မေးစေ့၊ မေးရိုး စသောမျက်နှာအနှံ့တို့ကိုလည်း ဘိုတောက် ဖြည့်ဆည်းပြုပြင်ထားပါသေးတယ်။ သူမကို အခုလို မျက်နှာပေါက်မျိုးရဖို့ အကြိမ်ရေ ဘယ်လောက်တောင်များ ပြုလုပ်သွားခဲ့ပြီးပြီလဲလို့ မမေးပါ နဲ့ တဲ့၊ သူမကိုယ်တိုင်လည်း ကောင်းကောင်းမမှတ်မိတော့ဘူးလို့ ပြောထားပါတယ်။

သူမရဲ့ အလှအပဆိုင်ရာ ကိုယ်တိုင်ရွေးချယ်မှုအပေါ်လည်း ကျေနပ်မှုရှိပြီး ကိုယ့်ကိုယ်ကိုလည်း ဂုဏ်ယူမိတယ်လို့ပြောထားပါတယ်။ သူမရဲ့ အလှတရားတွေကို အင်စတာဂရမ်မှာ မျှဝေထားပြီးတော့ သူမကို သဘောကျနှစ်သက်ကြသော ဖော်လိုဝါများလည်း နှစ်သိန်းကျော်အထိရှိပါတယ်။

#popolay #popolaytv #popolaynews


20 Oct 2020     1,503 Views




RELATED

Most Popular of International News

Most Popular of NEWS