အင်းစိန်မှ ကိုဗစ်အရေး ဆောင်ရွက်နေသည့် Volunteer(စေတနာ့ဝန်ထမ်း) များကို အသက်အာမခံ ထားရှိပေးသွားမည်
19 Oct 2020 1,410 Views
အင်းစိန်မြို့နယ်မှ ကိုဗစ်ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေသည့် Volunteer များအတွက် အသက်အာမခံ ထားရှိပေးသွားမည်ဖြစ်ကြောင်း တိုင်းကိုယ်စားလှယ်ဦးဝေဖြိုးဟန်က ၎င်း၏ လူမှုကွန်ယက် စာမျက်နှာမှတစ်ဆင့် ပြည်သူများကို အသိပေးပြောကြားလိုက်သည်။
"အင်းစိန်မြို့နယ်၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ၏ ဦးဆောင်မှု၊ အလှူရှင်များ၏ပံ့ပိုးကူညီမှုဖြင့် အင်းစိန်ကိုဗစ်လုပ်ငန်းစဉ်များတွင် ပါဝင်ကူညီဆောင်ရွက်ပေးနေကြသော Volunteer အယောက် (၇၀)အတွက် တစ်နှစ်စာ အသက်အာမခံ ထားရှိပေးသွားမည်ဖြစ်ပါတယ်"ဟု၎င်းကဆိုသည်။
လက်ရှိ အင်းစိန် Q Center များနှင့် Ambulance ကားများတွင် နေ့စဉ် ကူညီပေးနေသည့် Volunteer များ၏ကျန်းမာရေးဆိုင်ရာ လုံခြုံစိတ်ချနိုင်ရေး Protect our volunteer အစီအစဉ်ဖြင့် AIA Myanmar ၌ အာမခံထားရှိပေးခြင်းဖြစ်ကြောင်းသိရသည်။ အင်းစိန်မြို့နယ်ကိုဗစ်ကော်မတီမှ တစ်နှစ်စာအသက်အာမခံထားရှိဆောင်ရွက်ပေးသွားမည့်စေတနာ့ဝန်ထမ်း Insein Volunteer များမှာ အဆောင်၁ မှ အဆောင်၆ အထိ လူများဖြစ်သည်။
NAY KYAW (Myanmar Harp)