BEC-TERO TV

ဗီယက်နမ်နိုင်ငံအလယ်ပိုင်း၌ မြေပြိုမှုကြောင့် စစ်သည် သုံးဦး သေဆုံးပြီး ၁၉ ဦး ပျောက်ဆုံးနေ

19 Oct 2020     1,482 Views


ဗီယက်နမ်နိုင်ငံအလယ်ပိုင်း ကောင်ထရီ ပြည်နယ်၌ ကာလရှည်ကြာ မိုးသည်း ထန်စွာရွာသွန်းမှုကြောင့် ယမန်နေ့ မြေပြိုမှုတစ်ခုဖြစ်ပွားခဲ့ရာ စစ်သည် သုံးဦး သေဆုံးခဲ့ပြီး ၁၉ ဦး ပျောက်ဆုံး နေကြောင်း နိုင်ငံပိုင် ဗွီအင်န်အေက ဖော်ပြသည်။ ကောင်ထရီပြည်နယ် တောင်တန်း ထူထပ်သော ဟောင်ဟိုဟွာခရိုင်ရှိ စစ်ဘက်အခြေစိုက် စခန်းတစ်ခု၌ ယနေ့နံနက်အစောပိုင်းတွင် မြေပြိုမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဒေသစံတော် ချိန် နံနက် ၁၀ နာရီအထိ ရုပ်အလောင်း သုံးလောင်း တွေ့ရှိခဲ့ပြီး ရှာဖွေရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက် နေဆဲဖြစ်ကြောင်း အဆိုပါသတင်းဌာန က ဆိုသည်။ ယခုအပတ် အစောပိုင်း တွင် ဗီယက်နမ်နိုင်ငံအလယ်ပိုင်း သူသိန်ဟွေးပြည်နယ်၌ ကယ်ဆယ် ရေးတပ်ဖွဲ့ဝင် ၁၃ ဦး ကယ်ဆယ်ရေး လုပ်ငန်းဆောင်ရွက်နေစဉ် မြေပြိုမှု တစ်ခုကြောင့် သေဆုံးခဲ့ရသည်။

အောက်တိုဘာ ၆ ရက်နောက်ပိုင်း တိုင်ဖွန်းမုန်တိုင်း နန်ကာ တိုက်ခတ်မှု ကြောင့် ဗီယက်နမ်နိုင်ငံ မြောက်ပိုင်း၊ အလယ်ပိုင်းနှင့် အလယ်ပိုင်းကုန်းမြင့် ဒေသများ၌ မိုးသည်းထန်စွာရွာသွန်း ပြီး ရေကြီးရေလျှံမှုများကြောင့် ၆၈ ဦး သေဆုံးခဲ့ပြီး ၂၁ ဦး ပျောက်ဆုံးခဲ့ကြောင်း ဘေးအန္တရာယ် တားဆီးကာကွယ်ရေး နှင့် ထိန်းချုပ်ရေးဗဟိုကြီးကြပ်မှု ကော်မတီက ပြောကြားသည်။

အောက်တိုဘာ ၂၁ ရက်အထိ ဗီယက်နမ်နိုင်ငံအလယ်ပိုင်း၌ မိုးရေချိန် ၄၀၀ မီလီမီတာမှ ၆၀၀ မီလီမီတာ၊ အချို့ဒေသများတွင် မိုးရေချိန် ၇၀၀ မီလီ မီတာအထိ မိုးရွာသွန်းနိုင်ပြီး ရေကြီးမှု များဖြစ်ပွားနိုင်ကြောင်း ဗီယက်နမ် မိုးလေဝသဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - ကျော်ထိုက်စိုး/The Mirror


19 Oct 2020     1,482 Views




RELATED

Most Popular of International News

Most Popular of NEWS