BEC-TERO TV

အများပိုင်ဘတ်စ်ကားပြေးဆွဲဖို့အတွက် ဘတ်စ်ကားမှတ်တိုင်များတစ်ခွဲအတွင်းအပြီး တည်ဆောက်သွားမည်

12 Oct 2015     1,379 Views


အမြန်စနစ်နဲ့ပြေးဆွဲသွားမယ့်ရန်ကုန်အများပိုင်ဘတ်စ်ကားများအတွက် ဘတ်စ်ကား မှတ်တိုင်(၃၇)ခုကို နိုဝင်ဘာလအတွင်းအပြီးတည်ဆောက်ဖို့လျာထားတယ်လို့ရန်ကုန် ဘတ်စ်ကားအများပိုင်ကုမ္ပဏီမှသိရပါတယ်။ပြည်လမ်းနဲ့ ကမ္ဘာအေးဘုရားလမ်းတစ် လျှောက်ပြေးဆွဲမယ့် ရန်ကုန်အများပိုင်ဘတ်စ်ကားများအတွက် ဘတ်စ်ကားမှတ်တိုင် များကိုအောက်တိုဘာလအစတည်းကစတင်ဆောင်ရွက်နေပြီးနိုဝင်ဘာလအတွင်းအပြီးတည်ဆောက်ဖို့လျာထားတာဖြစ်ပါတယ်။ဒီဘတ်စ်ကားတွေမှတ်တိုင်တွေမှာ One Stop Services နဲ့စီးနိုင်မယ့် I Pay ကတ်များကိုလည်းရောင်းချသွားမှာဖြစ်ပါတယ်။


12 Oct 2015     1,379 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS