ဗိုင်းရပ်စ်ပိုးရှိသူနှင့် ထိတွေ့ခဲ့ပြီးနောက် ဂျာမနီသမ္မတ သီးခြားခွဲနေရ
19 Oct 2020 1,457 Views
ဂျာမနီသမ္မတ ဖရန့်ခ်ဗောလ်တာရှတိုင်းမိုင်းရာသည် ၎င်း၏ ကိုယ်ရံတော်တစ်ဦး တွင် ကိုဗစ်-၁၉ ရောဂါရှိကြောင်း တွေ့ရှိခဲ့ပြီးနောက် ယမန်နေ့က သီးခြား နေထိုင်လျက်ရှိကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။ ကနဦးစစ်ဆေးချက်များအရ စတန်မနာတွင် ကိုဗစ်-၁၉ ရောဂါမရှိကြောင်း၊ ထပ်မံစစ်ဆေးမှုများကိုလည်း ရက်အနည်းငယ်အတွင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ဂျာမနီတွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၇၈၃၀ ကို တွေ့ရှိခဲ့ပြီး ၎င်းအရေအတွက်သည် ကိုဗစ်-၁၉ ရောဂါ နိုင်ငံအတွင်း စတင် ဖြစ်ပွားခဲ့ချိန်မှစ၍ အများဆုံးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဂျာမနီနိုင်ငံ ရောဘတ် ကော့စ်အင်စတီကျုက ပြောကြားသည်။
စက်တင်ဘာလအတွင်းကလည်း ဂျာမနီနိုင်ငံခြားရေးဝန်ကြီး ဟိုက်ကို မက်၏ ကိုယ်ရံတော်တွင် ကိုဗစ်-၁၉ ရောဂါ တွေ့ရှိခဲ့သောကြောင့် ဟိုက်ကိုမက် သည် ခွဲခြားနေထိုင်ခြင်းကို ဆောင်ရွက်ခဲ့ရပြီးနောက်ပိုင်းတွင် စစ်ဆေးချက် များအရ ၎င်းတွင် ကိုဗစ်- ၁၉ ရောဂါမရှိကြောင်း၊ မတ်လအတွင်းကလည်း ဝန်ကြီးချုပ်အိန်ဂျလာမာကယ်သည် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသော ဆရာဝန်တစ်ဦးနှင့် တွေ့ဆုံခဲ့ပြီးနောက် သီတင်းနှစ်ပတ်ကြာမျှ ခွဲခြားနေထိုင် ခြင်းကို ဆောင်ရွက်ခဲ့ပြီးနောက်ပိုင်းတွင် ဆေးစစ်ဆေးချက်များအရ ၎င်းတွင် ကိုဗစ်-၁၉ ရောဂါမရှိကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ/The Mirror