Project K အဖွဲ့ကို ဆန္ဒပြစုဝေးသည့် ဦးပညာဝံသအပါအဝင် အနည်းဆုံးငါးဦးကို အမှုဖွင့်
15 Oct 2020 1,708 Views

Project K အဖွဲ့ကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေ ဆိပ်ရှေ့၌ ဆန္ဒပြစုဝေးမှု ပြုလုပ် သည့် မျိုးချစ်မြန်မာ ရဟန်းတော် များသမဂ္ဂမှ သံဃာတော် ဦးပညာဝံသအပါအဝင် အနည်းဆုံးငါးဦး ကို ငြိမ်းစုစီပုဒ်မ ၁၉ ဖြင့် မင်္ဂလာဒုံမြို့မရဲစခန်း၌ အမှုဖွင့်ထား သည်။ မင်္ဂလာဒုံရဲတပ်ဖွဲ့စခန်းမှ ဒုရဲ မှူးဇော်မိုးက တရားလိုပြုလုပ်၍ အမှုတိုင်ကြားခြင်းဖြစ်ကြောင်း မြောက်ပိုင်း ခရိုင်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ‘
‘ဒီမနက်မှ ၈ နာရီမှ ဖွင့် တာ။ ငြိမ်းစုစီမတင်တော့ အမှုဖွင့် ခံရမှာပဲ’’ဟု ၎င်းက ပြောသည်။ ထိုသို့ အရေးယူဆောင်ရွက် မှုနှင့်ပတ်သက်၍ မင်္ဂလာဒုံမြို့မရဲစခန်းသို့ ဖုန်းဖြင့်ဆက်သွယ်မေး မြန်းခဲ့ရာ ၎င်းတို့အနေဖြင့် ဖြေ ကြားခွင့်မရှိကြောင်း ပြန်လည် ဖြေကြားသည်။
သံဃာတော်များအပါအဝင် အမျိုးသားရေးလှုပ်ရှားသည်ဟု ဆိုသူ အင်အား ၁၀၀ ခန့်က အောက်တိုဘာ ၁၃ ရက် ညတွင် လေဆိပ်၌ စုဝေးပြီး Asia Song Festival 2020 ဖျော်ဖြေပွဲ၌ ရွှေတိဂုံစေတီတော်ပုံကို ဖျော်ဖြေပွဲ စင်မြင့်အခင်း LED တွင် ပြသ ဖျော်ဖြေခဲ့သည့် Project K အဖွဲ့ကို ကန့်ကွက်ရှုတ်ချကြောင်း Project K အလိုမရှိ၊ ဗုဒ္ဓဘာသာစော်ကား အခွင့်အရေး ရယူသည့် Project K အဖွဲ့ မြန်မာပြည်က အမြန်ထွက်သွား စသဖြင့် ဆိုင်းဘုတ်များ ကိုင် ဆောင်ခဲ့၍ ဆန္ဒ ထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။
ဇွဲဉာဏ်/7 Day Photo : MPA