BEC-TERO TV

ဗီယက်နမ်နိုင်ငံအလယ်ပိုင်း၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့်အနည်းဆုံး ၁၇ ဦး သေဆုံးပြီး ၁၃ ဦး ပျောက်ဆုံးနေ

13 Oct 2020     1,484 Views


ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အနည်းဆုံး ၁၇ ဦးသေဆုံးပြီး ၁၃ ဦး ပျောက်ဆုံးနေကြောင်း ဒေသ ဆိုင်ရာမီဒီယာများက ပြောကြားခဲ့သည်။ လေဖိအားနည်းရပ်ဝန်းကြောင့် ဖြစ်ပေါ်ခဲ့သည့် အဆိုပါ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဟွိုင်အန် ရှေးဟောင်းမြို့တွင် ရေကြီး နစ်မြုပ်မှုများဖြစ်ပေါ်ခဲ့သည်။ ယင်းရှေးဟောင်းမြို့သည် ယူနက်စကို က ကမ္ဘာ့အမွေအနှစ်နယ်မြေအဖြစ် သတ်မှတ်ခံထားရသည့် မြို့လည်း ဖြစ်သည်။

ဘေးလွတ်ရာရွှေ့ပြောင်းခဲ့ရ လူနေအိမ်များအပါအဝင် အဆောက်အအုံ ၃၃၀၀၀ ခန့် ရေနစ်မြုပ်ခဲ့ပြီး လူဦးရေ ၃၀၀၀၀ ကျော်မှာ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရကြောင်း သိရသည်။ ဗီယက်နမ်နိုင်ငံတွင် မုန်တိုင်း ကျရောက်မှုကြောင့် မိုးသည်းထန်စွာရွာသွန်းမှုများ ဖြစ်ပေါ်ခဲ့ပြီး အာဏာပိုင်များက ဒေသခံများအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်း နေထိုင်ရန် တောင်းဆိုလျက်ရှိကြောင်း သိရသည်။ ဗီယက်နမ်နိုင်ငံ၌ ပြီးခဲ့သည့်နှစ်ကလည်း မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ၁၃၂ ဦးသေဆုံးခဲ့ပြီး ၂၀၇ ဦး ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အလင်းသစ်/The Mirror


13 Oct 2020     1,484 Views




RELATED

Most Popular of International News

Most Popular of NEWS