၂ ရက်ဆက်တိုက်မိုးရွာသွန်းပြီး သက်တမ်း ၁၁၇ နှစ်ရှိရှေးဟောင်းရေတွင်း မြေပြို၍ ၄ မီတာ တွင်းနက်ကြီး ဖြစ်ပွားခဲ့
12 Oct 2020 1,556 Views
ထိုင်းနိုင်ငံ၊ နခွန်ဖနုံစီရင်စု၊ ရေနူနခွန်မြို့၊ နာငမ်းကျေးရွာအုပ်စုရှိ ဘုန်းကြီးကျောင်းတစ်ကျောင်းရှိ သက်တမ်း ၁၁၇ နှစ်ရှိပြီဖြစ်သော ရှေးဟောင်းရေတွင်းကြီးတစ်တွင်းတွင် ၂ ရက်ဆက်တိုက်မိုးများရွာသွန်းမှုဖြစ်ပွားပြီးနောက် မြေများပြိုကျ၍ အကျယ် ၅ မီတာနှင့် အနက် ၄ မီတာရှိသော တွင်းနက်ကြီးတစ်ခု ဖြစ်ပေါ်လာခဲ့ပါတယ်။
အဆိုပါရှေးဟောင်းရေတွင်းသည် ဘုန်းကြီးကျောင်းစတင်တည်ဆောက်ချိန်နှင့်အတူ တူးဖော်ခဲ့ပြီး၊ ကျောင်းဆောင်ကြီးနှင့် ၇ မီတာကွာရှိပြီး၊ အိပ်ဆောင်နှင့် ၅ မီတာကွာပါတယ်။ တစ်နှစ်ပတ်လုံးရေများမခန်းဘဲ ယနေ့ချိန်အထိ အသုံးပြုနေဆဲ ရေတွင်းလည်းဖြစ်ပါတယ်။ ပုံမှန်အချိန်တွေမှာ အနီးနားတဝှိုက်က ကိုရင်လေးတွေ၊ ကပ္ပိယတွေ၊ အနီးနားက ကလေးတွေပါ လာဆော့ကစားလေ့ ရှိပါတယ်။ ဒါပေမယ့် ဒီရက်ပိုင်းက မိုးများတောက်လျှောက်ရွာနေ၍ လာဆော့တဲ့လူတွေမရှိခဲ့ပါဘူး။
ကျွမ်းကျင်သူ၏ပြောကြားချက်အရ ရေတွင်း၏တည်နေရာက သဲမြေများဖြစ်ပြီး မိုးရေများတိုက်စားမှုကြောင့် အောက်ခြေမခိုင်ဘဲ မြေပြိုကျခြင်း အလွယ်တကူဖြစ်ပွားကြောင်းဆိုထား ပါတယ်။ ရပ်ရွာ၏သမိုင်းဝင်ရှေးဟောင်းရေတွင်းကြီး ပြိုကျသွားသောဖြစ်ရပ်အပေါ် ဒေသခံတော်တော်များများက အလွန်နှမြောဝမ်းနည်းမိကြောင်း ပြောဆိုထားပါတယ်။
#popolaytv #popolay #popolaynews