BEC-TERO TV

ကမ္ဘာတစ်ဝန်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၃၇ သန်းကျော်အထိရှိလာ

12 Oct 2020     1,496 Views


ကမ္ဘာတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၃၇ သန်းကျော်အထိ ရှိလာခဲ့ကြောင်း အမေရိကန်အခြေစိုက် ဂျွန်ဟော့ကင်း တက္ကသိုလ်က ပြောကြားခဲ့သည်။ ကမ္ဘာတစ်ဝန်းတွင် ယနေ့အထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူအရေအတွက် ၃၇၅၂၃၀၉၄ ဦးနှင့် သေဆုံးသူ ၁၀၇၈၄၀၄ ဦး ရှိခဲ့ကြောင်း လည်း ယင်းတက္ကသိုလ်၏ သိပ္ပံနှင့် အင်ဂျင်နီယာအဖွဲ့အစည်းဗဟိုမှ အချက်အလက်များအရ သိရသည်။

အမေရိကန်ပြည်ထောင်စုသည် ကမ္ဘာတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှင့် သေဆုံးမှုအများဆုံးဖြစ်ပြီး ကူးစက်ခံရသူစုစုပေါင်း ၇၉၄၅၉၄၅ ဦးနှင့် သေဆုံးသူ ၂၁၉၂၉၁ ဦးရှိခဲ့ကြောင်းသိရသည်။ ယင်းနောက်တွင် အိန္ဒိယနိုင်ငံသည် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူစုစုပေါင်း ၇၀၅၃၈၀၈ ဦးနှင့် ဘရာဇီးနိုင်ငံသည် ကူးစက်ခံရသူစုစုပေါင်း ၅၀၉၁၈၄၀ အသီးသီးရှိခဲ့ကြောင်း သိရသည်။

ရုရှားနိုင်ငံ၊ ကိုလံဘီယာနိုင်ငံ၊ အာဂျင်တီးနားနိုင်ငံ၊ စပိန်နိုင်ငံ၊ ပီရူးနိုင်ငံနှင့် မက္ကဆီကိုနိုင်ငံတို့သည်လည်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၈၁၀၀၀၀ နှင့်အထက် အသီးသီးရှိနေပြီး အိန္ဒိယနိုင်ငံ၊ မက္ကဆီကိုနိုင်ငံ၊ ဗြိတိန်နိုင်ငံနှင့် အီတလီနိုင်ငံတို့မှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် သေဆုံးသူ ၃၆၀၀၀ နှင့်အထက် အသီးသီးရှိကြောင်း သိရသည်။ အမေရိကန်ပြည်ထောင်စုသည် နေ့စဉ် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၅၇၄၂၀ ကျော်ရှိခဲ့သည်မှာ သုံးရက်ဆက်တိုက်ရှိသွားပြီဖြစ် ကြောင်းလည်း ဂျွန်ဟော့ကင်းတက္ကသိုလ်က ပြောကြားခဲ့သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-အလင်းသစ်/The Mirror


12 Oct 2020     1,496 Views




RELATED

Most Popular of International News

Most Popular of NEWS