BEC-TERO TV

ဖားကန့်မြို့နယ်မှ ပုံမှန်ဝင်ငွေမရှိသည့် အိမ်တော်စု (၂၀၀၀၀)အား ဆန်ရိက္ခာများ ထောက်ပံ့

09 Oct 2020     1,421 Views


ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ ကိုဗစ်ကာလအတွင်း အခက်အခဲရှိပြီး ပုံမှန်ဝင်ငွေမရှိတဲ့ဒေသခံတွေကို ကျောက်စိမ်းတူးဖော်ရေးဌာန(လုံးခင်း)နဲ့ ကျောက်မျက်ရတနာလုပ်ငန်းရှင်များ အသင်း(ဖားကန့်)တို့ က ဦးဆောင်ပြီး ဖားကန့် ကျောက်မျက်ကုမ္ပဏီတွေက စက်တင်ဘာလ(၈)ရက်က စပြီး ဆန်တွေကို ထောက်ပံ ပေးနေတယ်လို့ မြို့နယ်အုပ်ချုပ်ရေး တာဝန်ရှိသူတွေက ပြောပါတယ်။

ဆန် ( ၂၄) ပြည်ပါ ဆန်အိတ်(၅၀၀၀)ကို တစ်အိမ်ထောင် ဆန်(၆)ပြည်နှုန်းနဲ့ အိမ်ထောင်စုပေါင်း (၂၀၀၀၀)အတွက် အိမ်တိုင်ရာရောက် ထောက်ပံ့ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဆန်အိတ် (၅၀၀၀)ကို မန္တလေးမြို့မှ မှာယူပြီး အသုတ်လိုက် ရောက်ရှိလာပါက မြို့နယ်အတွင်းက နိုင်ငံတော် ထောက်ပံငွေ မရရှိတဲ့ မိသားစုတွေ အပါအဝင် လက်ရှိ အကူအညီလိုအပ်နေသူတွေကို ဆက်လက် ဖြန့်ဝေပေးသွားမှာဖြစ်ပြီး ငွေကြေး ထောက်ပံ့မှုလည်း ဆောင်ရွက်ပေးသွားမှာ ဖြစ်တယ်လို့ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း(ဖားကန့်) တွဲဖက်အတွင်းရေးမှူး-၁ ဦးနေမျိုးလွင်က ပြောပါတယ်။

အောက်တိုဘာလ(၈)ရက်ကတော့ လုံးခင်းကျေးရွာ အပိုင်း (၁)၊ (၂)၊(၃)၊(၄)၊(၅)တို့က မိသားစုတွေ အတွက် ဆန် (၁၃၇၂)အိတ်၊ လယ်ပြင်ကျေးရွာက မိသားစုတွေ အတွက် ဆန် (၂၈၈)အိတ်၊ ငြိမ်းချမ်းသာယာက မိသားစုတွေ အတွက် ဆန် (၄၂၃)အိတ်နဲ့ အောင်ရာကျေးရွာက မိသားစုတွေ အတွက် ဆန် (၁၁၄၂)အိတ်တို့ကို ထောက်ပံခဲ့ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင့်စိုး၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးဉာဏ်လင်းအောင်နဲ့ တာဝန်ရှိသူ တွေကို လိုက်လံကြည့်ရှုပြီး ထောက်ပံ့ပေးခဲ့ပါတယ်။

ဖားကန့်ရတနာနယ်မြေတစ်ခုလုံးက ဒေသခံတွေအတွက် လိုအပ်တဲ့နေရာမှာ အသုံးပြုဖို့ ဖားကန့်ဒေသက ကျောက်မျက်ကုမ္ပဏီတွေက စုပေါင်းထည့်ဝင်လှူဒါန်းတဲ့ငွေ ကျပ်သိန်း (၁၀၀၀) နီးပါးရှိပြီး မြန်မာ့စီးပွားရေး ဘဏ် (ဖားကန့်)မှာ သီးခြား ဘဏ်အကောင့်တစ်ခုကို ဖွင့်လှစ်ထားရှိထားတယ်လို့ ကျောက်စိမ်း တူးဖော်ရေးဌာန (လုံးခင်း) လက်ထောက်အထွေထွေမန်နေဂျာ ဦးသန်းထွန်း က ပြောကြားထားပါတယ်။

ကိုတာ(ဖားကန့်)/One


09 Oct 2020     1,421 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS