မှုခင်းကျဆင်းရေးစီမံချက်ဆောင်ရွက်
09 Oct 2015 1,523 Views
ရန်ကုန်တိုင်းဒေသကြီးမှုခင်းဖြစ်စဉ်တွေ လျော့ကျစေဖို့အတွက်ရန်ကုန်တိုင်းဒေသကြီးရဲ တပ်ဖွဲ့ အနေနဲ့စီမံချက်တွေချမှတ်ပြီးဆောင်ရွက်နေတယ်လို့သိရတယ်။ရန်ကုန်တိုင်းဒေ သကြီးရဲတပ်ဖွဲ့ရဲ့စာရင်းတွေအရ ၂၀၁၄ ခုနှစ်အတွင်းအမှုကြီး ၂၉၃ မှုဖြစ်ခဲ့ပြီး အခုမှာ တော့ အမှုကြီး ၂၈၁ မှုဖြစ်သွားပါတယ်။လှိုင်သာယာ၊ မင်္ဂလာဒုံ၊ ရွှေပြည်သာစတဲ့ မြို့သစ်တွေမှာ ညအချိန်အုပ်လိုက် ဒါမှာမဟုတ်တစ်ဦးချင်းလက်နက်နဲ့ချိန်းခြောက်ငွေ တောင်းရမ်းမှုတွေနဲ့ လုယှက်၊ ခိုးဆိုး မကြာခဏဆိုသလိုဖြစ်ပွားနေပါတယ်။ဒါပင်မဲ့မှုခင်းဖြစ်ပွားနေစဉ် ဖြစ်ပွားချိန်မှာ အကြမ်း ဖက်ခံရသူတွေအနေနဲ့အကြောင်း ကြောင်းကြောင့်မတိုင်ကြားဖြစ်တဲ့အမှုတွေရှိတယ်လို့ ပြည်သူတွေကပြောပါတယ်။ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့အနေနဲ့မှုခင်းကျဆင်းရေးနဲ့ ပြစ်မှုကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေကို စီမံချက်ဆောင်ရွက်မှုတွေရှိသလိုလက်ရှိမှာ လဲ လှည့်ကင်း၊ ပတ်ကင်း၊ ၀ပ်ကင်း မှားအပါဝင်ယာဉ်စစ်ပိတ်ဆိုမှုတွေကိုလဲ နေ့စဉ်ပုံမှန် မြို့နယ်အသီးသီးအလိုက်တေဖဆာင်ရွက်နေတဲ့အပြင်ခရိုင်အဆင့်၊ တိုင်အဆင့်တွေလဲ ဆောင်ရွက်နေတယ်လို့သိရပါတယ်။