နားကြပ်ကို လွဲမှားစွာအသုံးပြု၍ အကြောင်းမလှခဲ့သော အမျိုးသမီး
08 Oct 2020 1,472 Views
နားကြပ်ကို အလွဲမှားများနှင့်တလွဲစီ အသုံးပြုတတ်သောသူများအတွက် အခန့်မသင့်လျှင် အသက်အနရ္တာယ်ပါဖြစ်နိုင်သော အကြောင်းအရာတစ်ခုကို အားလုံးသတိထားနိုင်ရန် တင်ဆက်ပေးချင်ပါတယ်။ ထိုင်းနိုင်ငံက အမျိုးသမီးတစ်ဦးသည် သီချင်းအရမ်းကြိုက်၍ ရေချိုးရင်းလည်း သီချင်းသံမပျက်ဘဲ အမြဲတမ်းလိုလို နားကြပ်တပ်ချိုးလေ့ရှိပါတယ်။
တစ်နေ့မှာ တပ်ချိုးတဲ့နားကြပ်က ရေအရမ်းစိုသွား၍ ဆံပင်မှုတ်စက် (ဟဲဒရိုင်ယာ) ဖြင့် အခြောက်ခံဖို့ ရှာမတွေ့၍ ဟင်းနွေးစက် (မိုက်ဂရိုဝေ့ဗ်) ထဲထည့်လိုက်တယ်။ ထည့်လည်းထည့်ပြီး အချိန်တစ်မိနစ်အတွင်းမှာတင် အထဲက အသံကျယ်လောင်စွာပေါက်ကွဲသွားပြီး မီးခိုးများစွာထွက်လာတော့ပါတယ်။
ကံကောင်းထောက်မစွာဖြင့် ကြီးကြီးမားမားအနရ္တာယ်မရှိဘဲ၊ မိမိကိုယ်မိမိ နုံအလွန်းတဲ့ (သို့) အသိဉာဏ်နည်းလွန်းတဲ့လုပ်ရပ်ကြောင့် ဥစ္စာပစ္စည်းဆုံးရှုံးသွားရတယ်လို့ ပြောကြားခဲ့ပါတယ်။ ဤအဖြစ်အပျက်မျိုး လိုက်လံမပြုလုပ်မိရန်နှင့် အားလုံးကိုသတိပေးလိုသောကြောင့် ၎င်းကို အွန်လိုင်းမှာတင်လိုက်ပါတယ်။
အမျိုးမျိုးဝေဖန်မှုများရရှိပြီး၊ ဘယ်အီလက်ထရောနစ်ပစ္စည်းမျိုးမဆို မိုက်ဂရိုဝေ့ဗ်စက်ထဲ လုံးဝမထည့်သင့်ကြောင်းလည်း တချို့က ဗဟုသုတများပြန်လည်မျှဝေရေးသားထားလည်း တွေ့ရှိရပါတယ်။
#popolaytv #popolay #popolaynews