သစ်ပင်ကိုအချိန်အကြာဆုံးဖက်ထားနိုင်၍ ကမ္ဘာ့စံချိန်တင်သွားသူ
08 Oct 2020 1,446 Views
အမေရိကန်နိုင်ငံ၊ တင်နက်စီပြည်နယ်က “အေဒရီယန် လောင်း” ဆိုသူအမျိုးသမီးတစ်ဦးသည် မကြာသေးမီက သစ်ပင်တစ်ပင်ကို မလွှတ်တမ်းမတ်တပ်ရပ်ပြီး အချိန်အကြာဆုံး ဖက်ထားနိုင်သော အမျိုးသမီးအဖြစ် ကမ္ဘာ့ဂင်းနက်စ်စံချိန်ကို မှတ်တမ်းတင်သွားနိုင်ခဲ့ပါတယ်။
သူမသည် အရင်နှစ်တွေမှာလည်း အချိန် ၈ နာရီ ၁၅ မိနစ်ကြာ သစ်ပင်ကိုမနားတမ်းဖက်ထားနိုင်သော စံချိန်ကို အောင်မြင်ထားတဲ့သူတစ်ယောက်ဖြစ်ပြီး၊ ယခုနှစ်တွင် သူမကိုယ်တိုင်ဖန်တီးထားသောစံချိန်ဟောင်းကို ချိုးဖျက်လိုသောဆန္ဒဖြင့် ချက်တာနူဂါမြို့၊ ဟယ်ရီတိချ်ဥယျာဉ်ရှိ သစ်ပင်တစ်ပင်ကို အချိန် ၁၀ နာရီ ၅ မိနစ် ကြာဖက်ထားနိုင်သော စံချိန်အသစ်ဖြင့် သစ်ပင်ကိုအချိန်အကြာဆုံးဖက်ထားနိုင်သော ကမ္ဘာ့စံချိန်အသစ်တစ်ခုကို အောင်မြင်စွာဆောင်ရွက်သွားနိုင်ခဲ့ပါတယ်။
သူမ မတ်တပ်ရပ်ပြီး သစ်ပင်ကိုပွေ့ဖက်နေစဉ်အတွင်းမှာ မပျင်းရအောင်လည်း စလွန်းအန်စပါးဆိုင်ပိုင်ရှင်တစ်ဦးလည်းဖြစ်တဲ့ “ဆာရာ မက်လီ” ဆိုသူ သူမရဲ့သူငယ်ချင်းဖြစ်သူက အကများ၊ ယောဂကျင့်စဉ်များနှင့် အပျင်းပြေကြည့်ရှုရအောင် အဆက်မပြတ်တင်ဆက်ဖျော်ဖြေပံ့ပိုးပေးနေခဲ့တယ်လို့လည်းသိရပါတယ် ။
#popolaytv #popolay #news