BEC-TERO TV

ကွာရန်တင်းချထားသည့် အင်ဒိုနီးရှားအမျိုးသားတစ်ဦး တွင်းတူးပြီး ထွက်ပြေး

08 Oct 2020     1,414 Views


တောင်ကိုရီးယားနိုင်ငံမှာ ကွာရန်တင်းထားတဲ့ အင်ဒိုနီးရှားအမျိုးသားတစ်ဦးဟာ အခုလ ၄ ရက်(တနင်္ဂနွေနေ့)က အုတ်နံရံအောက်ကမြေကြီးကို တူးပြီး ထွက်ပြေးသွားတယ်လို့ ရဲ အရာရှိတွေကပြောပါတယ်။ သူ့ကို ကွာရန်တင်းထားပြီး ပြန်မလွတ်ပေးခင် တစ်ရက်အလိုမှာ အခုလို ထွက်ပြေးလွှတ်မြောက်သွားတာဖြစ်ပါတယ်။

ထွက်ပြေးသွားတဲ့ အဲဒီ အင်ဒိုနီးရှားအမျိုးသားဟာ သင်္ဘောသားဗီဇာနဲ့ တောင်ကိုရီးယားနိုင်ငံထဲ ဝင်လာသူလို့ သိရပါတယ်။ သူဟာ ဆိုးလ်မြို့တော်မှာ စက်တင်ဘာလ ၂၁ ရက်ကစပြီး ကွာရန်တင်းဝင်နေရတာဖြစ်ပြီး၊ အောက်တိုဘာ ၅ ရက်နေ့က ကွာရန်တင်းသတ်မှတ်ရက်ပြည့်တာဖြစ်ပါတယ်။ သူဟာ တောင်ကိုရီးယားကို ဝင်လာချိန်က ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုရှိ-မရှိ စမ်းသပ်ရာမှာ နက်ကတစ်အဖြေထွက်ခဲ့တယ်လို့ သိရပါတယ်။

ထွက်ပြေးသွားတဲ့သူ့ကို ရဲတွေက လုံခြုံရေးကင်မရာကရရှိတဲ့ဓါတ်ပုံတွေကို လေ့လာပြီး ခြေရာခံ လိုက်ရှာနေတယ်လို့ ဆိုပါတယ်။ တချိန်တည်းမှာပဲ ကွာရန်တင်းစင်တာတွေမှာ လုံခြုံရေးကင်မရာတွေ တိုးချဲ့ တပ်ဆင်ထားလိုက်တယ်လို့ သိရပါတယ်။

Source: CNN

One


08 Oct 2020     1,414 Views




RELATED

Most Popular of International News

Most Popular of NEWS