ကိုဗစ်-၁၉ ရောဂါ၏ လွှမ်းမိုးမှုကို ခွင့်မပြုရန် ပြည်သူများကို သမ္မတ ထရမ့် တိုက်တွန်း
07 Oct 2020 1,452 Views
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ၏ လွှမ်းမိုးမှုကို ခွင့်မပြုဘဲ ပြန်လည် နိုးထကြရန် ဆေးရုံမှဆင်းလာခဲ့ပြီးနောက် တင်ခဲ့သည့် သူ၏ ပထမဆုံးဗီဒီယိုတွင် ထည့်သွင်းပြောကြားခဲ့သည်။ ပေါင်းစပ်ကုထုံး သမ္မတ ထရမ့်မှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသည်ဟု အတည်ပြုပြီးနောက်တစ်ရက်မှာပင် ဆရာဝန်၏ တောင်းဆို ချက်အရ အစားအစာနှင့် ဆေးဝါးကွပ်ကဲမှုအဖွဲ့၏ ခွင့်ပြု ချက်မရသေးသည့် ရမ်ဒီဆီဗာနှင့် ဒက်ဆာမီတာဆုန်း ဆေးနှစ်မျိုး ပေါင်းစပ်ကုသခံခဲ့ရပြီးနောက် လျင်လျင်မြန်မြန် ပြန်လည်ကျန်းမာလာခဲ့ခြင်းဖြစ်သည်။
ဒက်ဆာမီတာဆုန်း ဆေးမှာ ဘေးထွက်ဆိုးကျိုးမရှိသော်လည်း ရမ်ဒီဆီဗာဆေး မှာမူ အချို့လူနာများတွင် စမ်းသပ်ခဲ့ရာ၌ သွေးအားနည်းခြင်း၊ ကျောက်ကပ်ထိခိုက်မှု အနည်းငယ်ရှိခြင်း စသဖြင့် ဘေးထွက် ဆိုးကျိုး အနည်းငယ်ရှိကြောင်း သိရသည်။ ဝေဖန်မှုများမြင့်တက် သမ္မတ ထရမ့်က ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကို ကြောက်စရာမလိုဘဲ အလုပ်တာဝန်များကို ဆက်လက်ဆောင်ရွက်ရန် တိုက်တွန်းခဲ့သလို မိမိအနေဖြင့် လည်း လွန်ခဲ့သောအနှစ် ၂၀ ကထက် ပိုမိုကျန်းမာလာ သည်ဟု ခံစားရကြောင်း အောက်တိုဘာ ၅ ရက်က တွစ်တာစာမျက်နှာတွင် ရေးသားခဲ့ရာ အဆိုပါမှတ်ချက် စကားက ဝေဖန်မှုများစွာကို ဖိတ်ခေါ်ခဲ့သည်။
ကူးစက်ရောဂါ အထူးကုဆရာဝန် ဒေါက်တာ ဆီမာရက်စ်မင်က တစ်နိုင်ငံလုံးရှိ ပြည်သူများမှာ သမ္မတ ထရမ့်လို ကုထုံးမျိုးဖြင့် ကုသမှုခံယူနေရသည်မဟုတ် ကြောင်းနှင့် ကိုဗစ်-၁၉ရောဂါကြောင့် အမေရိကန်တစ်နိုင်ငံ တည်းမှာပင် သေဆုံးသူ နှစ်သိန်းတစ်သောင်း ရှိနေပြီဆို သည့်အချက်ကို ထောက်ပြကာ ဝေဖန်သွားခဲ့သည်။ ဂျော့ချ် ဝါရှင်တန်တက္ကသိုလ် ပါမောက္ခ ဂျိုနသန်ရီနားကလည်း “သမ္မတက ဒီကမ္ဘာပေါ်မှာ ပေါင်းစပ်ကုထုံးနဲ့ ဆေးကုသမှု ခံယူခွင့်ရတဲ့ တစ်ဦးတည်းသောပုဂ္ဂိုလ်ပါ” ဟု ဆိုသည်။ ဂျပန်စတော့ရှယ်ယာဈေးနှုန်းများ ပြန်လည်မြင့်တက် အမေရိကန်သမ္မတ ထရမ့် ဆေးရုံမှ ဆင်းလာပြီး နောက် ဂျပန်စတော့ဈေးနှုန်းများ ယနေ့တွင် ပြန်လည် မြင့်တက်လာခဲ့ကြောင်း သိရသည်။
ဂျပန်စီးပွားရေးလုပ်ငန်း ရှင်များနှင့် စီးပွားရေးပညာရှင်များအနေဖြင့် အမေရိကန် သမ္မတ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာမှုကြောင့် စိတ်သက်သာရာရခဲ့ပြီး ထရမ့်ဆေးရုံတက်နေသည့် ကာလ အတွင်း ကျဆင်းခဲ့သည့်စတော့ဈေးနှုန်းများ ပြန်လည် မြင့်တက်လာခြင်းဖြစ်သည်။ နေ့လယ်အချိန်မရောက်မီမှာပင် စံနှုန်းဖြစ်သည့် နစ်ခေး ပျမ်းမျှနှုန်းထားများမှာ ၂၃၄၂၅ ဒသမ ၉၁ သို့ ပြန်လည်ရောက်ရှိလာခဲ့သလို ဒေါဂျုံးစ်စက်မှုလုပ်ငန်း၏ စတော့ရှယ်ယာဈေး ၁ ဒသမ ၇ ရာခိုင်နှုန်းနှင့် နည်းပညာ အင်အားကြီး နက်စ်ဒက်ရှ်မှာလည်း ၂ ဒသမ ၃ ရာခိုင်နှုန်း အထိ ပြန်လည်မြင့်တက်လာခဲ့ခြင်းဖြစ်သည်။
လေ့လာဆန်းစစ် သူများက ဝန်ကြီးများအဆင့် ဆွေးနွေးပွဲအပြီးတွင် ရှယ်ယာ နှုန်းထားများ ဆက်လက်မြင့်တက်နေမည်ဖြစ်ပြီး ပူးပေါင်း ဆောင်ရွက်မှုများကြာင့် စီးပွားရေးတိုးတက်လာမှုကို မြင်တွေ့ရမည်ဖြစ်ကြောင်း ခန့်မှန်းချက်ထုတ်ခဲ့သည်။
ကိုးကား-စီအင်န်အင်န်
ဘာသာပြန်-မေလဲ့သင်း/The Mirror