City Taxi ယာဉ်များစည်းကမ်းထိန်းသိမ်းရေးတွင်မထသ(ဗဟို)အားနည်း
09 Oct 2015 1,465 Views
City Taxi မှတ်ပုံတင်ခြင်းနဲ့သက်တမ်းတိုးတဲ့လုပ်ငန်းတွေကိုရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီဆီကနေလွှဲပြောင်းရယူထားပေမယ့် မော်တော်ယာဉ်လုပ်ငန်း ပေါင်းစုံထိန်းသိမ်းရေးကြီးကြပ်မှုဗဟိုကော်မတီ မထသ(ဗဟို)အနေနဲ့ City Taxi တွေကို စည်ကမ်းထိန်းသိမ်းရေးဆောင်ရွက်ရာမှာအားနည်းနေသေးတယ်လို့သိရပါတယ်။အခုလိုစည်းကမ်းပိုင်းဆိုင်ရာ ပြည့်ပြည့်၀၀ ကိုင်တွယ်နိုင်ခြင်းမရှိသေးလို့ (ဂ)လုပ်ငန်းလိုင်စင် ဖြစ်တဲ့ Taxi ယာဉ်တွေနဲ့စင်းလုံးဌားလုပ်ငန်းလိုင်စင်ရယူထားတဲ့ယာဉ်တွေအတွက် ကော်မတီတစ်ရပ်ဖွဲ့စည်းသွားဖို့စီစဉ်နေပါတယ်။