BEC-TERO TV

မြိတ်မြို့သို့ဝင်ရောက်လာမည့် ကုန်ကားပေါ်တွင် လူပိုတင်ဆောင်လာပါက ဘေး/စီမံဥပ​ဒေ ဖြင့် အ​ရေးယူ​မည်

06 Oct 2020     1,397 Views


မြိတ်မြို့သို့ဝင်ရောက်လာမည့် ကုန်ကားပေါ်တွင် လူပိုတင်ဆောင်လာပါက ဘေး/စီမံဥပ​ဒေဖြင့်အ​ရေးယူ​ခံရမှာဖြစ်ကြောင်းသိရပါတယ်။ ကုန်ကားအချို့မှာ ယာဥ်မောင်းနှင့် ယာဥ်နောက်လိုက်အပြင် လူပိုတင်ဆောင်ပြီးမြို့တွင်းသို့ဝင်ရောက်လာတာကြောင့် ကုန်တင်ကားကြီးများကြီးကြပ်​ရေး​ကော်မတီက စည်းကမ်းတင်းကြပ်လိုက်တာပါ။

မြိတ်မြို့သို့ဝင်ရောက်လာမည့် ကုန်ကားများကို အဝင်အထွက်ခွင့်ပြုမှာဖြစ်ပြီး ယာဥ်မောင်းနှင့်ယာဥ်နောက်လိုက်တွေကို ကားကြီးဝင်းအဆောင်မှာ သီးသန့်နေရာချထားပြီးအသွားအလာကန့်သတ်ထားကြောင်း သိရပါတယ်။ မြို့တွင်းဝင်/ထွက်ခွင့်ပြုထားတဲ့ ကုန်ကားပေါ်မှာ လူပိုတင်ဆောင်ကြောင်းစစ်ဆေးပေါ်ပေါက်ပါက ယာဥ်မောင်းအားဘေး/စီမံဥပ​ဒေ ဖြင့် အ​ရေးယူ​ဆောင်ရွက်မည်ဟုသိရပါတယ်။

Source : မြတ်ထွဋ်(မြိတ်)


06 Oct 2020     1,397 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS