BEC-TERO TV

အမြန်လမ်းမထက် ကုန်တင်ယာဉ်များ ဖြတ်သန်းခွင့်ပြုခဲ့

06 Oct 2020     1,403 Views


ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးထက် တွင် အောက်တိုဘာလ (၅) ရက်နေ့ (၁၈၀၀) နာရီမှ စတင်ကာ ကုန်တင်ကား ကြီးများ ဖြတ်သန်းသွားလာခွင့် ပြုခဲ့ ကြောင်း၊ COVID-19 ကာလအတွင်း သယ်ယူပို့ဆောင်ရေး ကိစ္စရပ်များနှင့် မြို့အဝင်၊ မြို့အထွက် ကိစ္စများတွင် ယာဉ်အသွားအလာ အဆင်ပြေ ချောမွေ့စေ ရေးနှင့် ကုန်စည်စီးဆင်းမှု မြန်ဆန်စေရေးတို့ အတွက် အမြန်လမ်းမကြီးထက်တွင် ယာယီ ဖြတ်သန်းသွားလာခွင့် ပြုခဲ့ခြင်းဖြစ်ကြောင်း နှင့် ယင်းသို့ ဖြတ်သန်းသွားလာခွင့်အတွက် မြို့အဝင်၊ မြို့အထွက်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ COVID-19 ကူးစက်မြန်ရောဂါ အခြေအနေ စစ်ဆေးမှု ပြုလုပ်ပြီးသည့် ကုန်တင်ကားကြီးများကိုသာ ဖြတ်သန်းခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှ ဒုတိယရဲမှူး မျိုးလင်းသန့်ထံမှ သိရသည်။

ကုန်တင်ကားကြီးများ အမြန်လမ်းမကြီးထက် ဖြတ်သန်းသွားလာစဉ် အမြန်လမ်းမကြီး ရဲတပ်ဖွဲ့၏ စစ်ဆေးကြီး ကြပ်မှုများကို လိုက်နာဆောင်ရွက်ရမည့် အပြင် ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကိုလည်း လိုက်နာရမည် ဖြစ်ကြောင်း သိရှိရသည်။ အောက်တိုဘာလ (၅) ရက်နေ့ ည (၁၈၀၀) နာရီမှ (၂၂၀၀) နာရီအထိ ဖြတ်သန်းသွားလာသည့် ကုန်တင်ကားအစီးရေ (၁၀၀) ခန့်ရှိသည်ဟု အမြန်လမ်းမကြီးရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

MRTV


06 Oct 2020     1,403 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS