BEC-TERO TV

မက္ကစီကို တွင်ရေပိုက်လိုင်းရှင်းရာမှ ဧရာမ ကြွက်ကြီးတစ်ကောင်တွေ့ရှိ

06 Oct 2020     1,650 Views


မြို့တော် မက္ကစီကိုစီးတီး၊ ဂျန်ဂိုဒေသရှိ သန့်ရှင်းရေးဝန်ထမ်းများက ရေပိုက်လိုင်းများအမှိုက်ပိတ်ဆို့သောကိစ္စ ကြောင့် အမှိုက်ရှင်းလင်းရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ရာ ပမာဏအင်မတန်များပြားလှသော အမှိုက်သရိုက်များ တန်ချိန်ပေါင်း ၂၂ တန်အထိလည်း ရရှိခဲ့ပါတယ်။

ဝန်ထမ်းများ လုပ်ငန်းဆောင်ရွက်နေစဉ်အတွင်းမှာပဲ မယုံနိုင်လောက်အောင် အင်မတန်ကြီးမားသော ဧရာမကြွက်စုတ်ကြီးတစ်ကောင်ကို တွေ့ရှိသွားခဲ့ပါတယ်။ ပထမဆုံးအကြိမ် တွေ့မြင်သူတိုင်း လန့်သွားကြပြီး၊ ဒီလောက်ထိကြီးမားတဲ့ကြွက်ကြီး တစ်ခါမှမမြင်ဖူးဘူး။ အနီးကပ်ဝင်ကြည့်ဖို့ကလည်း အစက မဝံ့မရဲဖြစ်နေလျက်ရှိပြီး၊ နောက်ဆုံး၌ ၎င်းသည် တကယ့်ကြွက်အစစ်မဟုတ်ဘဲ ချွတ်စွတ်တူနေတဲ့ကြွက်အရုပ်ကြီးတစ်ခုဖြစ်နေပါတယ်။

ထိုသတင်းပျံနှံ့ သွားပြီးနောက် “အီဗလင် လိုပက်ဇ်” ဆိုသူ ကြွက်ရုပ်တုပိုင်ရှင်က ပေါ်လာခဲ့ပါတယ်။ လွန်ခဲ့သောနှစ်ပေါင်းများစွာက ဟယ်လိုဝင်းပွဲတော်မှာအသုံးပြုဖို့ပြုလုပ်ခဲ့ပြီး ပွဲပြီးသွားပြီးနောက် ဂိုဒေါင်တစ်ခုမှာ သိမ်းဆည်းထားခဲ့ပါတယ်။ ထို့နောက် လေပြင်းမုန်တိုင်းတစ်ခုဖြစ်ပွားခဲ့ပြီး၊ ၎င်းသည် မိုးထဲရေထဲပါမျောပါသွားကာ ပျောက်ကွယ်ပျက်စီးသွားလောက်ပြီလို့ ထင်ထားခဲ့ရာ အခု ပြန်တွေ့တာ တကယ့်မယုံနိုင်စရာပါပဲလို့ ဆိုပါတယ်။

#popolaytv #popolay #popolaynews


06 Oct 2020     1,650 Views




RELATED

Most Popular of International News

Most Popular of NEWS