BEC-TERO TV

မကွေးတိုင်းတွင် ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၁၆ ဦးအထိ စံချိန်တင်တွေ့

05 Oct 2020     1,403 Views


မကွေးတိုင်းဒေသကြီးအတွင်းမှာ အောက်တိုဘာ ၄ ရက်က ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၆ ဦးထိ စံချိန်တင်တွေ့ရှိခဲ့တယ်လို့ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။ မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်သန်းက”မြို့နယ် ၈ မြို့နယ်က Quarantine စင်တာတွေမှာ အသွားအလာ ကန့်သတ်ထားသူ အမျိုးသား ၉ ဦး အမျိုးသမီး ၇ ဦးမှာ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိခဲ့တာ” လို့ ပြောပါတယ်။

အဲဒီ အတည်ပြုလူနာတွေဟာ ရန်ကုန်၊ မန္တလေးနဲ့ ထိုင်းနိုင်ငံက ပြန်လာသူတွေဖြစ်ပြီး သရက်မြို့နယ်မှာ အမျိုးသမီး ၁ ဦး၊ ပခုက္ကူမြို့နယ်က အမျိုးသား ၁ ဦး၊ ဆင်ပေါင်ဝဲ မြို့နယ်က အမျိုးသား ၂ ဦး၊ မကွေးမြို့နယ်က အမျိုးသား ၃ ဦးနဲ့ အမျိုးသမီးတစ်ဦး၊ ရေနံချောင်းမြို့နယ်က အမျိုးသား၂ ဦး၊ အမျိုးသမီး ၂ ဦး၊ မင်းဘူး မြို့နယ်က အမျိုးသား ၁ ဦး၊ အမျိုးသမီး ၁ ဦး၊ နတ်မောက် မြို့နယ်က အမျိုးသမီး ၁ ဦးနဲ့ မြို့သစ်မြို့နယ်က အမျိုးသမီး ၁ ဦးတို့ ဖြစ်ပါတယ်။ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရတဲ့သူတွေကို သက်ဆိုင်ရာ မြို့နယ်ဆေးရုံတွေမှာ ဆေးကုသပေးမှာဖြစ်ပြီးတော့ သူတို့နဲ့ထိစပ်ခဲ့တဲ့သူတွေကိုလည်း အသွားအလာ ကန့်သတ်ပြီး ဓာတ်ခွဲနမူနာပေးပို့စစ်ဆေးပေးဖို့ ရှိပါတယ်။

မကွေးတိုင်းဒေသကြီးအတွင်းမှာ အောက်တိုဘာ ၄ ရက် ညနေပိုင်းအထိ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသူ ၆၇ ဦးထိရှိလာပြီးတော့ ဆေးရုံဆင်းခွင့်ရရှိသူ ၃၀ ဦးရှိတယ်လို့ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနကနေ သိရပါတယ်။

သတင်း-မင်းထီး/DVB


05 Oct 2020     1,403 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS