BEC-TERO TV

ရွှေဘိုမြို့နယ်တွင် ကိုဗစ် - ၁၉ အတည်ပြုလူနာ (၂) ဦး ဆေးရုံဆင်းခွင့်ရ

05 Oct 2020     1,507 Views


စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ်က ကိုဗစ် -၁၉ အတည်ပြုလူနာ(၂) ဦးတို့ ဆေးရုံဆင်းခွင့် ရရှိပြီဖြစ်တယ်လို့ ရွှေဘိုမြို့ ဆေးရုံအုပ်ကြီး ဒေါက်တာစောသက်လျာအောင်က ပြောပါတယ်။ ဆေးရုံဆင်းခွင့်ရခဲ့သူတွေကတော့ စက်တင်ဘာ(၂၀ )ရက်က ရွှေဘိုမြို့နယ်မှာ ပထမဆုံးတွေ့ရှိခဲ့တဲ့ အတည်လူနာ အမျိုးသားဖြစ်ပြီး နောက်တစ်ဦးကတော့ စက်တင်ဘာ( ၂၂) ရက်က တွေ့ရှိခဲ့တဲ့ ဒုတိယမြောက် ကိုဗစ်-၁၉ အတည်လူနာ ဖြစ်ပါတယ်။

အဲဒီလူနာတွေမှာ ရောဂါပိုးတွေ့ရှိပြီးနောက် ရွှေဘိုမြို့ သူနာပြုနှင့် သားဖွားသင်တန်းကျောင်း ယာယီဆေးရုံမှာ တက်ရောက်ကုသမှုခံယူနေခဲ့ကြတာ ဖြစ်ပါတယ်။ ဆေးရုံဆင်းခွင့်ရသူ (၂) ဦးကို အောက်တိုဘာ(၅) ရက် မနက်ပိုင်းက ဆေးရုံက ဆင်းခွင့်ပေးလိုက်တာ ဖြစ်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်နဲ့ အညီ နေအိမ်မှာ အသွားအလာကန့်သတ် ဆက်လက်ထားရှိသွားမှာ ဖြစ်တယ်လို့ ဆေးရုံအုပ်ကြီး ဒေါက်တာစောသက်လျာအောင်က ပြောပါတယ်။

ရွှေဘိုမြို့နယ်မှာ ကိုဗစ်-၁၉ အတည်ပြုလူနာ (၈) ဦး တွေ့ရှိထားပြီး (၂) ဦး ဆေးရုံဆင်းခွင့်ရပြီ ဖြစ်လို့ ကျန် (၆) ဦးကတော့ ယာယီဆေးရုံမှာ ဆေးကုသမှု ခံယူနေဆဲ ဖြစ်ပါတယ်။

သတင်း - မိုးသောက်(ရွှေဘို) / One


05 Oct 2020     1,507 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS