မနီလာတွင် အိမ်မွေးတိရစ္ဆာန်များအတွက် ကောင်းချီးပေးပွဲ ကျင်းပ
05 Oct 2020 1,415 Views
ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်မှာ အိမ်မွေးတိရစ္ဆာန်တွေအတွက် ကောင်းချီးပေးပွဲ အခမ်းအနားကို (တနင်္ဂနွေနေ့)မှာ ကျင်းပခဲ့ပါတယ်။ စိန့်-ဖရန်စစ်စ်ရဲ့ ဘာသာရေးအထိမ်းအမှတ်ပွဲမှာ ဆုတောင်းမှုခံယူဖို့ တိရစ္ဆာန်ချစ်သူတွေက ကားနဲ့လာရောက်ကြတာပါ။
ဒီပွဲကို ကမ္ဘာ့တိရစ္ဆာန်များနေ့ ကျရောက်တဲ့နေ့နဲ့လည်း တိုက်ဆိုင်နေပါတယ်။ တိရစ္ဆာန်ချစ်သူတွေဟာ ကိုယ့်ရဲ့အိမ်မွေးတိရစ္ဆာန်တွေဘေးကင်းစေရေးအတွက် ကောင်းချီးခံရဖို့ ကားတွေနဲ့ ရောက်ရှိလာတဲ့အတွက် ကုန်တိုက်အပြင်ဖက်မှာ တန်းစီ စောင့်ဆိုင်းခဲ့ကြပါတယ်။ ဒီပွဲကို ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကန့်သတ်ချက် တိုးမြှင့်ထားတဲ့ကြားကပဲ ကျင်းပခဲ့တာပါ။
ဒါကြောင့် ကားနဲ့စောင့်ဆိုင်းနေကြတဲ့ တိရစ္ဆာန်ပိုင်ရှင်တွေဟာ သတ်မှတ်အကွာအဝေးရဲ့ အနေအထားကို သေသေချာချာ စီစဉ်လုပ်ဆောင်ခဲ့ရပါတယ်။ S
ource: AP From : One