BEC-TERO TV

ပြင်သစ်နှင့် အီတလီ၌ ရေကြီးရေလျှံမှုများကြောင့် နှစ်ဦး သေဆုံးပြီး ၂၄ ဦး ပျောက်ဆုံး

05 Oct 2020     1,446 Views


ပြင်သစ်နှင့် အီတလီနိုင်ငံတို့၌ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံ မှုများ ဖြစ်ပွားခဲ့ရာ နှစ်ဦး သေဆုံးခဲ့ပြီး အများအပြား ပျောက်ဆုံးခဲ့ ကြောင်း သိရသည်။ အီတလီမီးသတ်သမားများက ပြင်သစ်နိုင်ငံနှင့် နယ်နိမိတ်ထိစပ် နေသည့် ပြင်သစ်ဘက်ခြမ်းရှိ တောင်ကြားလမ်းတစ်ခုပေါ်တွင် မော်တော် ကားများအတွင်း ပိတ်မိနေသည့် လူ ၂၅ ဦးကို ကယ်တင်ခဲ့သည်။

ပြင်သစ်နိုင်ငံ အရှေ့တောင်ပိုင်း၌ မုန်တိုင်းတစ်ခု တိုက်ခတ်ခဲ့ပြီးနောက် အီတလီနိုင်ငံမြောက်ပိုင်းသို့ ရွေ့လျားသွားကာ မုန်တိုင်းကြောင့် တံတား များ၊ လမ်းမကြီးများနှင့် လူနေအိမ်များ ပျက်စီးသွားခဲ့သည်။ အီတလီ နိုင်ငံ ပီးမောင့်ဒေသတွင် ၁၉၅၈ ခုနှစ်နောက်ပိုင်း စံချိန်တင် မိုးရွာသွန်းမှု ကြုံတွေ့ခဲ့ရပြီး ပြင်သစ်နိုင်ငံဘက်ခြမ်းတွင် လေပြင်းတိုက်ခတ်မှုကြောင့် ဓာတ်အားပြတ်တောက်မှုများ ဖြစ်ပွားခဲ့သည်။

အီတလီနိုင်ငံ၌ ကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်နေစဉ် မီးသတ် သမားတစ်ဦးသေဆုံးခဲ့ပြီး ဗာစီလီပြည်နယ်၌ လူတစ်ဦး သေဆုံးလျက် တွေ့ရှိခဲ့သည်။ အီတလီကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့က ရဟတ်ယာဉ် တစ်စင်းအသုံးပြု၍ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။ ပြင်သစ်နိုင်ငံ၌ အဲလက်ဇ်မုန်တိုင်း တိုက်ခတ်ပြီးနောက် ပြီးခဲ့သည့် စက်တင်ဘာ ၂၉ ရက်နောက်ပိုင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့သည်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူနေအိမ်များစွာ ရေစီးနှင့်မျောပါသွား ခဲ့ပြီး စိန့်မာတင်-ဗီဆူဘီဒေသ၌ တံတားတစ်စင်း ပြိုကျသွားခဲ့သည်။ ကယ်ဆယ်ရေးလုပ်ငန်းများတွင် ကူညီရန် ပြည်သူ့လုံခြုံရေး အေဂျင်စီမှ ရဟတ်ယာဉ်လေးစင်း စေလွှတ်ခဲ့ကြောင်း ပြင်သစ် ပြည်ထဲ ရေးဝန်ကြီး ဂျီရတ်ဒါမာနင်က ပြောကြားခဲ့သည်။

ကိုးကား-အေဖက်ပီ ဘာသာပြန်-ကျော်ထိုက်စိုး/The Mirror


05 Oct 2020     1,446 Views




RELATED

Most Popular of International News

Most Popular of NEWS