BEC-TERO TV

ထိုင်းရှိ မြန်မာလူငယ်နှစ်ဦး သမိုင်းအကြောင်းအငြင်းပွားရာကနေ ဓါးခုတ်မှုဖြစ်ပွားခဲ့

05 Oct 2020     1,392 Views


ထိုင်းနိုင်ငံ၊ ချွန်ဘူရီစီရင်စု၊ မိုင်းခရိုင်၌ မြန်မာလူငယ်နှစ်ဦးသည် သမိုင်းကြောင်းဆွေးနွေးရာကနေ ရန်ဖြစ်စကားများပြီး ဓါးခုတ်မှုဖြစ်ပွားခဲ့တဲ့ အကြောင်း ဒေသတွင်းသတင်းမီဒီယာတစ်ခုက ဖော်ပြထားပါတယ်။ အလုပ်အတူလုပ်ကိုင်သော မြန်မာလူငယ်နှစ်ဦးအနက် တစ်ဦးက အသက် ၂၃ နှစ်အရွယ်ရှိ ကရင်တိုင်းရင်းသားတစ်ဦးဖြစ်ပါတယ်။

၎င်းတို့သည် တစ်နေ့မှာ အလုပ်ကဆင်းပြီး အိမ်မှာသောက်စားရင်း ကွဲပြားခြားနားသောဘာသာစကား နှင့် အရက်အရှိန်ကြောင့်လည်းပါကာ ၊ နားလည်မှုလွဲမှားစွာ စစ်ရေးပစ်ခတ်မှုနှင့်ပတ်သက်သော သမိုင်းဆိုင်ရာအကြောင်းအရာတစ်ခု ပြောဆိုဆွေးနွေးအငြင်းပွားရာကနေ ရန်ဖြစ်စကားများပြီး မြန်မာလူငယ်က ကရင်ကောင်လေးရဲ့ဦးခေါင်းကို ဓါးနဲ့ခုတ်ထစ်လိုက်ပါတော့တယ်။

ဓါးဒဏ်ရာကြောင့် ခေါင်းမှာသွေးများထွက်နေသော ကရင်လူငယ်လေးက ထွက်ပြေးသွားပြီး အိမ်တစ်လုံးမှာ ရှိနေတဲ့ လူများကို အကူအညီတောင်းခဲ့ပါတယ်။ အဆိုပါအိမ်မှ ထိုလူငယ်ကိုကယ်တင်ခဲ့သူအမျိုးသား၏ ပြောကြားချက်အရ ညအိပ်ယာဝင်ဖို့မီးများလိုက်ပိတ်နေစဉ် အိမ်အပြင်က အကူအညီလှမ်းတောင်းနေသော လူသံကြား၍ တံခါးဖွင့်ကြည့်လိုက်ကာ တစ်ကိုယ်လုံးသွေးများပြည့်လျှံနေသော ကောင်လေးကိုတွေ့သွားတာကြောင့် ကယ်ဆယ်ရေးအဖွဲ့များနှင့်ရဲတပ်သားများကို လှမ်းအကြောင်းကြားလိုက်တယ်လို့ ပြောခဲ့ပါတယ်။ ၎င်းဓားအခုတ်ခံရသောလူငယ်လေးသည် ဆေးရုံတွင် ဆေးတက်ရောက်ကုသမှုခံယူခဲ့ပြီး အသက်အန္တရာယ် မရှိကြောင်းလည်း သိရှိရပါသည်။

#popolaytv #popolay #crime


05 Oct 2020     1,392 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS