နာရေးကူညီမှုအသင်းသို့ PPE ဝတ်စုံများ လှူဒါန်းနိုင်
02 Oct 2020 1,445 Views
ရန်ကုန်တိုင်းဒေသကြီးအတွင်း COVID-19 ရောဂါကူးစက်မှု မြင့်တက်နေသောကာလအတွင်း နာရေးကူညီမှုအသင်း (ရန်ကုန်)မှ အများပြည်သူများအား (၂၄)နာရီ အချိန်မပြတ် ကူညီပေးလျက်ရှိရာ နေ့စဉ် PPE Level (3) အစုံ(၃၀)နှင့် PPE Level (2) အစုံ(၅၀) ခန့် အသုံးပြုနေရကြောင်း သိရှိရပါသည်။ ထို့အပြင် နေ့စဉ်ရောဂါပိုးတွေ့လူနာများနှင့် သံသယလူနာများအား Quarantine Center များသို့ ပို့ဆောင်ပေးခြင်း၊ နာတာရှည်ရောဂါသည်များနှင့် ထိခိုက်ဒဏ်ရာရသူများအား ဆေးရုံ၊ ဆေးခန်းများသို့ ပို့ဆောင်ပေးခြင်း ၊ ကွယ်လွန်သူများအား သယ်ဆောင်ပေးခြင်းအတွက် PPE ဝတ်စုံများကို အောက်ဖော်ပြပါဈေးနှုန်းများအတိုင်း ပါဝင်လှူဒါန်းနိုင်ကြောင်း သတင်းရရှိပါသည်။
PPE Level 3 (၁)စုံစာအတွက် (၂၀,၀၀၀-/)(နှစ်သောင်းကျပ်)
PPE Level 2 (၁)စုံစာအတွက် (၁၀,၀၀၀-/)(တစ်သောင်းကျပ်)
N95 Mask (၁)ခုလျှင် (၇,၀၀၀-/)(ခုနှစ်ထောင်ကျပ်)
လှူဒါန်းလိုသောအလှူရှင်များအနေဖြင့် ဖုန်း-၀၉၄၂၁၀၁၁၉၁၅ သို့ဆက်သွယ်ပြီး
Account name -FREE FUNERAL SERVICE SOCIETY (YGN)
- KBZ Bank Account No - 208 503 20800159401 (KBZ BANK-NORTH-DAGON-2)
- AYA Bank Account No - 0232 2050 1000 0387
- CB Bank Account No - 0143 6008 0000 0407
- MAB Mobile Banking Application ဖြင့်လည်းကောင်း၊
- MAB Bank Account No – 0740165074003729012
သို့ လှူဒါန်းနိုင်သလို အမှတ်( ၁၃/က )၊ ဗိုလ်မှူးဗထူးလမ်း၊ (၄၂)ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်သို့လည်း လာရောက်လှူဒါန်းနိုင်ကြောင်း သိရသည်။