BEC-TERO TV

မြိတ်တွင် covid-19 ပိုးတွေ့အတည်ပြုလူနာ ၅ ဦး ထပ်တိုး

01 Oct 2020     1,396 Views


မြိတ်မြို့၊ကန်ခေါင်းရပ်မှ ပိုးတွေ့လူနာ ရာအိမ်မှူးနဲ့ ထိတွေ့သူတွေကို ကွာရန်တင်းစင်တာမှာထားရှိပြီး နှာခေါင်းတို့ဖတ် အာခေါင်တို့ဖတ်ယူပြီး ဓါတ်ခွဲစစ်ဆေးရာ ၎င်းရဲ့ မိသားစုဝင် ၅ ဦးမှာ covid 19 ပိုးတွေ့ရှိကြောင်းသိရပါတယ်။ မြိတ်ခရိုင်၊ပုလောမြို့မှာ သံဃာတော် ၇ ပါးမှာ covid-19 ပိုးတွေ့ရှိပြီး ပလမြို့မှာ ရန်ကုန်မှ ကျန်းမာရေးအထောက်အကူပြုယာဥ်ဖြင့်ပြန်လာတဲ့ လင်မယား ၂ ဦး ပိုးတွေ့ရှိကြောင်းသိရပါတယ်။ ရန်ကုန်တိုင်းတွင်းမှာ သံဃာတော်အချို့ covid-19 ဗိုင်းရပ်ပိုးကူးစက်ခံရပြီးနောက် သံဃာတော် အပါး၇၀ က တနင်္သာရီတိုင်းတွင်းဝင်ရောက် လာရာ ပုလောမြို့နယ်အရောက် ဆွမ်းကွမ်း အခက်အခဲကြောင့် ပုလောမြို့၊ ကျောက်တောင်ကျောင်းတွင် သတင်းသုံးစဥ် သံဃာ ၁၀ ပါးမှ နေမကောင်းဖြစ်တာကြောင့် စောင့်ကြည့်စင်တာသို့ပြောင်းရွှေပြီး နှာခေါင်းတို့ဖတ်ယူပြီး ဓါတ်ခွဲစစ်ဆေးရာ သံဃာ ၇ ပါးမှာ ပိုးတွေ့ရှိကြောင်းသိရပါတယ်။

Source : မြတ်ထွဋ် (မြိတ်)


01 Oct 2020     1,396 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS