BEC-TERO TV

COVID ရောဂါပြင်းထန်သူ ၄၂ ဦးကို သွေးရည်ကြည်ဖြင့် ကုသရာ ၃၁ ဦး သက်သာလာ

01 Oct 2020     1,685 Views


COVID-19 ရောဂါ ပြင်းထန်သူ ၄၂ ဦးကို သွေးရည် ကြည်ဖြင့် ကုသမှုမှ ၃၁ ဦး သက်သာလာပြီဖြစ်ကြောင်း သွေးရည် ကြည်ကုထုံး ကော်မတီဥက္ကဋ္ဌ၊ သွေးရောဂါ အထူးကုဆရာဝန် ကြီး ပါမောက္ခဒေါက်တာရဲမြက ယမန်နေ့က ပြောသည်။ စက်တင်ဘာ ၃၀ ရက်က နိုင်ငံပိုင်မီဒီယာမှ ထုတ်လွှင့်သည့်COVID-19 ရောဂါအကြောင်း သိကောင်းစရာ အမေး၊ အဖြေ အစီအစဉ်တွင် ပြည်သူများက မေးမြန်းသည့် သေဆုံးနှုန်းလျှော့ချနိုင် ရေး မည်သို့လုပ်ဆောင်နေသည့် မေးခွန်းအပေါ် ၎င်းက အထက်ပါ အတိုင်း ပြန်လည်ရှင်းပြခဲ့သည်။

‘‘အခု သေဆုံးမှုတွေက အချိန်မီရောက်မလာကြတာဖြစ် တော့ ကျွန်တော်တို့ သွေးရည်ကြည်နဲ့ ကုချင်တောင် အချိန်မီပေးလို့ မရတာရှိနေတယ်။ ဒါ ကြောင့်ဖြစ်တာ။ အိမ်မှာ သုံး၊ လေး၊ ငါးရက်လောက်နေပြီး မကုပါနဲ့။ သိသိချင်း သက်ဆိုင်ရာ ဆေးရုံတွေဆီ သွားပါ’’ဟု ပါမောက္ခ ဒေါက်တာ ရဲမြက ပြောသည်။ သွေးရည်ကြည်ဖြင့် ကုသမှု မှ ပြန်လည်သက်သာမှုနှုန်းသည် ၁၀ ဦးတွင် ခုနစ်ဦးမှ ရှစ်ဦးအထိ ကယ်တင်နိုင်နေသည်။ အဓိက အခက်အခဲဖြစ်နေသည်မှာ သွေးရည်ကြည်ရှာဖွေရန် ခက်ခဲနေ သည်ဟု ဆိုသည်။

ကုသမှုတွင် အသုံးပြုသည့် သွေးရည်ကြည် ဆိုသည်မှာ ရောဂါဖြစ်ပြီး ပြန်ကောင်းသွားသူ များထံမှ ရယူခြင်းဖြစ်ကာ ၎င်းတို့၏ ခန္ဓာကိုယ်ထဲ၌ ပဋိပစ္စည်း ရောဂါ တိုက်ဖျက်သော Anti body ကို ပြန်လည်ရယူခြင်းဖြစ်ကြောင်း သွေးရည်ကြည်ကုထုံး ကော်မတီဥက္ကဋ္ဌက ရှင်းပြသည်။ ထို့ကြောင့် ယခု ရောဂါဖြစ် ပွားသူများထံမှ သွေးရည်ကြည် ရယူနိုင်မှုမှာ လာမည့် တစ်လမှနှစ်လမှသာ အသုံးပြုနိုင်မည်ဖြစ် သည့်အတွက် ရှာဖွေရန် ခက်ခဲနေကာ ဧပြီနှင့် မေလအတွင်း COVID -19 ဖြစ်ပွားခဲ့ပြီး ပျောက်ကင်း သွားသူများကိုလည်း လှူဒါန်းရန် မေတ္တာရပ်ခံနေကြောင်း အသိ ပေးသည်။

‘‘အထူးသဖြင့် သွေးအုပ်စု A, AB က တော်တော်ရှားလို့ တော်တော်ခက်ခက်ခဲခဲ ရှာနေရ တယ်။ သွေးရည်ကြည်ကို ပြန်ကောင်းသွားတဲ့သူတွေထဲက လှူကြပါ။ ကျွန်တော်တို့ အသက် ကယ်နိုင်မှာ ဖြစ်တယ်’’ဟု ဒေါက် တာ ရဲမြက တိုက်တွန်းသည်။ COVID-19 ရောဂါ ပျောက်ကင်းသွားသူများ၏ သွေးရည် ကြည်ကို အသုံးပြုထည့်သွင်း၍ COVID-19 ပိုးတွေ့လူနာများ အား ကုသပေးနိုင်ရန် ‘ပြန်လည် ကောင်းမွန်သွားသော COVID-19 လူနာ၏ သွေးရည်ကြည်ဖြင့် COVID-19 လူနာများအား စမ်း သပ်ကုသနိုင်ရေး Adhoc အကြံ ပေးအဖွဲ့’ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဧပြီ ၁၆ ရက်တွင် ဖွဲ့စည်းခဲ့သည်။

ထိုအဖွဲ့က သြဂုတ် ၁၆ ရက် မတိုင်မီက ရောဂါပြင်းထန်သော လူနာရှစ်ဦးကို COVID-19 ရောဂါ ပျောက်ကင်းသွားသူများ၏ သွေးရည်ကြည်အသုံးပြု၍ သက်သာပျောက်ကင်းအောင် ကုသပေးနိုင် ခဲ့သည်ဟု ဝန်ကြီးဌာနက ထုတ် ပြန်ထားသည်။

အောင်ရဲကို @7Day, Photo - နီတာ


01 Oct 2020     1,685 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS