ဥရောပနှင့် အာရှမြို့ကြီး (၅) မြို့သို့ ထိုင်း အထူးလေယာဉ် ပြေးဆွဲမည်
01 Oct 2020 1,447 Views
ကိုဗစ်-၁၉ ကာလအတွင်း ထိုင်းနိုင်ငံ ပြင်ပကို ထွက်ခွါလိုသူတွေအတွက် ထိုင်းအဲဝေးက အထူးလေယာဉ်အဖြစ် လန်ဒန်၊ ကိုပေဟေဂင်၊ စတော့ခ်ဟုမ်း၊ တိုင်ပေနဲ့ ဟောင်ကောင်ကို အောက်တိုဘာ ၄ ရက်ကနေစပြီး ပြေးဆွဲပေးဖို့ရှိတယ်လို့ ထိုင်းအဲဝေး အရာရှိတဦးက ပြောပါတယ်။
ခရီးစဉ်တွေအရ အောက်တိုဘာလ (၄ ရက်-၁၁ ရက်- ၁၈ရက်)နေ့တွေမှာ ဘန်ကောက်-လန်ဒန် ခရီးစဉ်ကို ထိုင်းအဲဝေး TG916 က မနက် ၁၂ နာရီ ၅၀ မှာ ဘန်ကောက်မှထွက်ခွါပြီး၊ လန်ဒန်အချိန် ညနေ ၇ နာရီ ၁၀ မိနစ်မှာ ရောက်ရှိမှာဖြစ်ပါတယ်။ နောက်ထပ်ခရီးစဉ်ကတော့ အောက်တိုဘာလ ၂၅ ရက်မှာရှိပါတယ်။ အလားတူ အာက်တိုဘာလ(၄-၁၁-၁၈)ရက်မှာ ဘန်ကောက်-ကိုပင်ဟေဂင် ခရီးစဉ်ကို ထိုင်းအဲဝေး TG950 က မနက် ၆ နာရီ ၅၀ မှာ ဘန်ကောက်ကနေထွက်ခွါပြီး၊ ကိုပင်ဟေဂင်ကို နေ့လည် ၁ နာရီ ၅ မိနစ်မှာ ရောက်ရှိမှာဖြစ်ပါတယ်။
အောက်တိုဘာ ၂၅ ရက်မှာလည်း နောက်ထပ် လေယာဉ်တစီး ထပ်ထွက်ဖို့ရှိနေပါတယ်။ အောက်တိုဘာလ (၁၄) ရက်မှာ ဘန်ကောက်-စတော့ဟုမ်းခရီးအစဉ်ကို ဘန်ကောက်ကနေ မနက် ၇ နာရီမှာထွက်ခွာပြီး၊ စတော့ဟုမ်းကို နေ့လည် ၁ နာရီ ၁၀ မိနစ်မှာ ရောက်ရှိမှာဖြစ်ပါတယ်။ အောက်တိုဘာလ (၂၁) ရက်နေ့မှာ ဘန်ကောက်-ဟောင်ကောင်ခရီးစဉ်ကို ထိုင်းအဲဝေး TG638 ဟာ ဘန်ကောက်ကနေ နေ့လည် ၁ နာရီ ၅၅ မိနစ်မှာ ထွက်ခွာပြီး၊ ဟောင်ကောင်ကို ညနေ ၅ နာရီ ၄၀ မိနစ်မှာ ရောက်ရှိမှာဖြစ်ပါတယ်။
အောက်တိုဘာလ (၈ရက်-၁၆ရက်-၂၃ ရက်)နေ့တွေမှာ ဘန်ကောက်-တိုင်ပေ ကို ထိုင်းအဲဝေး TG632 ဟာ ဘန်ကောက်ကနေ မနက် ၈ နာရီ ၂၅ မိနစ်မှာ ထွက်ခွာပြီး၊ ညနေ ၁ နာရီ ၅ မိနစ်မှာ ရောက်ရှိမှာဖြစ်ပါတယ်။ အောက်တိုဘာ(၃၀)ရက်နေ့မှာလည်း နောက်တကြိမ် ထပ်ဆွဲပေးဖို့ရှိနေပါတယ်။
လေကြောင်းလိုင်းရဲ့ အမှုဆောင် ဒု-ဥက္ကဌ ဝီဝပ် ပီယဝီရိုကတော့ အခုအစီစဉ်ဟာ အောက်တိုဘာလကစပြီး ဒီမြို့ကြီး ၅ ခုဆီ သွားချင်တဲ့ခရီးသည်တွေအတွက် ရည်ရွယ်လုပ်ဆောင်ပေးတာလို့ ပြောပါတယ်။ ဒါပေမယ့် ဒီခရီးစဉ်ဟာ အသွားတခြမ်းတည်းလား၊ အပြန်မှာကော ပြင်ပက ဧည့်သည်တွေ ထိုင်းနိုင်ငံဆီ လိုက်ပါလာခွင့်ရမလားဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။. ။
Source: The Nation One