BEC-TERO TV

ရန်ကုန်တိုင်းဒေသကြီးရှိ ဆေးရုံများသို့ တာဝန်ထမ်းဆောင်ရန် ရှမ်းပြည်နယ်တောင်ပိုင်းမှ သူနာပြု(၂ဝ)ဦး ဒုတိယအကြိမ်စေလွှတ်

28 Sep 2020     1,448 Views


ရန်ကုန်တိုင်းဒေသကြီးထဲတွင် ကိုဗစ်အတည်ပြုလူနာ တစ်နေ့ထက်တစ်နေ့ ပိုမိုတိုးပွားလာပြီး COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ပါဝင်ကူညီဆောင်ရွက်နိုင်ရန် ရှမ်းပြည်နယ်တောင်ပိုင်းမှ သူနာပြု (၂ဝ)ဦးအား ရန်ကုန်တိုင်းဒေသကြီးရှိ ဆေးရုံများသို့ စက်တင်ဘာလ (၂၈)ရက် နံနက်ပိုင်း က စေလွှတ်ခဲ့ပါသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ပြည်နယ်ကုသရေးနှင့် ပြည်သူ့ ကျန်းမာရေးဦးစီးဌာန လက်အောက်ရှိ ဆေးရုံများမှ သူနာပြု(၉)ဦး၊ အမျိုးသမီးနှင့် ကလေးဆေးရုံမှ သူနာပြု (၁ဝ)ဦး၊ သားဖွားသင်တန်း ကျောင်း(တောင်ကြီး)မှ နည်းပြ(၁)ဦး စုစုပေါင်း(၂ဝ)ဦးကို စေလွှတ်ခဲ့ကြောင်း ရှမ်းပြည်နယ် (တောင်ပိုင်း) ပြည်နယ်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး(သူနာပြု) ဒေါ်နန်းသန်းကြည် ထံမှ သိရှိရပါသည်။

ပြီးခဲ့သည့် စက်တင်ဘာလ(၂၂)ရက်ကလည်း တောင်ကြီးမြို့ရှိ စဝ်စံထွန်းဆေးရုံမှ သူနာပြုများနှင့် ရှမ်းပြည်နယ်တောင်ပိုင်းမှ သူနာပြုများ စုစုပေါင်း(၂ဝ)ဦးကိုလည်း ရန်ကုန်မြို့ရှိ ယာယီဆေးရုံများသို့ ပထမအကြိမ် စေလွှတ်ခဲ့ပြီး ယခုဒုတိယအကြိမ် သူနာပြု(၂ဝ)ဦးအား ထပ်မံစေလွှတ်ခဲ့ကြောင်း သိရပါသည်။ ရန်ကုန်တိုင်းဒေသကြီးသို့ စေတနာ့ဝန်ထမ်းအဖြစ် သွားရောက်တာဝန်ထမ်းဆောင်မည့် သူနာပြုများအား ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် သက်ဆိုင်ရာဆေးရုံများမှလည်း ထောက်ပံ့မှုများ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

MRTV


28 Sep 2020     1,448 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS