တာမွေ၊ မင်္ဂလာတောင်ညွန့်နှင့် တောင်ဥက္ကလာပ ဖျားနာကုအခမဲ့ဆေးခန်းများ ရက်တိုးဖွင့်
18 Sep 2020 1,916 Views
တာမွေ၊ မင်္ဂလာတောင်ညွန့်နှင့် တောင်ဥက္ကလာပ ဖျားနာကုဆေး ခန်းများအားရက်တိုးဖွင့်လှစ်ထား ကြောင်း လူထုအခြေပြုဖျားနာကု ဆေးခန်းကွန်ရက် (Community Fever Clinics -Yangon Network)က ကြေညာထားသည်။ လက်ရှိတွင် အဆိုပါဆေး ခန်းများသို့ လူနာပြသမှုများပြား လာခြင်းကြောင့် ပြည်သူများအ ဆင်ပြေစေရန်ရည်ရွယ်၍ ထိုသို့ ရက်တိုးမြှင့် ဖွင့်လှစ်ခြင်းဖြစ် သည်။
အဆိုပါတာမွေနှင့်မင်္ဂလာ တောင်ညွန့်ရှိအခမဲ့ဆေးခန်းနှစ်ခု ကို ယခင်ကတစ်ပတ်လျှင်သုံးရက် သာဖွင့်လှစ်ထားရာမှ ယခုအခါ ငါးရက်သို့လည်းကောင်း၊တောင် ဥက္ကလာပဆေးခန်းကို ယခင်က တစ်ရက်သာ ဖွင့်လှစ်ထားရာမှ ယခုအခါ နှစ်ရက်သို့လည်း ကောင်း တိုးမြှင့်ဖွင့်လှစ်ခြင်းဖြစ် သည်။ တာမွေဖျားနာကုဆေးခန်း တည်နေရာမှာ အမှတ်၃၇/၃၇ဦး ထွန်းမြတ်လမ်း၊ ဗညားဒလလမ်း ထောင့်(ရတနာမြိုင်ကွန်ဒို)တွင် ဖြစ်ကာ အပတ်စဉ်တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာနေ့များတွင် နံနက် ၉ နာရီမှ နေ့လယ် ၁၂ နာရီအထိ ဖွင့်လှစ်ထားသည်။ မင်္ဂလာတောင်ညွန့်ဖျားနာ ကုဆေးခန်းတည်နေရာမှာ မြယာကုန်းလမ်းမပေါ်ရှိ ဧရာဝတီဘဏ်ဘေး၊ ယခင် 21st Century City Mart ရှေ့၊ ကျန်း မာရေးဌာနတွင်ဖြစ်ပြီး ယင်းဆေး ခန်းအားအပတ်စဉ် တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာတို့တွင် နံနက် ၉ နာရီမှ နေ့လယ် ၁၂ နာရီအထိ ရက်တိုး မြှင့်ဖွင့်လှစ်ထားသည်။
တောင်ဥက္ကလာပဖျားနာ ကုဆေးခန်းတည်နေရာမှာ (၁၀) ရပ်ကွက်၊ ဇေယျလမ်း၊ဟေမဝန် ဓမ္မာရုံဝင်းထဲတွင်ဖြစ်ကာ ယင်း ဆေးခန်းအား အပတ်စဉ်အင်္ဂါ၊ သောကြာနေ့များတွင် နံနက် ၉ နာရီမှနေ့လယ် ၁၂ နာရီအထိ ရက်တိုးဖွင့်လှစ်ထားသည်။ ရန်ကုန်တိုင်းအတွင်းဖျားနာ ကုသမှုအခမဲ့ဆေးခန်း(FeverClinic)များကို တာမွေ၊မင်္ဂလာ တောင်ညွန့်၊ဗိုလ်တထောင်၊ လှိုင် သာယာ၊ အင်းစိန်၊ အရှေ့ဒဂုံ၊ ရွှေပြည်သာ၊ တောင်ဒဂုံ၊ တောင် ဥက္ကလာပ၊ ကြည့်မြင်တိုင်၊ မှော် ဘီ၊ ရန်ကင်း၊ လှိုင်၊ သာကေတ၊ မြောက်ဥက္ကလာပ၊ မရမ်းကုန်း၊ တွံတေး၊သန်လျင်မြို့နယ်တို့တွင် ဖွင့်လှစ်ထားရာ မည်သူမဆို အခမဲ့ဆွေးနွေးပြသနိုင်သည်။ ဆေးခန်းများဖွင့်လှစ်သော နေ့ရက်များနှင့်အချိန်များကိုသိရှိ လို၍သော်လည်းကောင်း၊ ယင်း ဆေးခန်းများရှိ တာဝန်ခံဆရာ ဝန်များနှင့်မေးမြန်းပြီး တိုင်ပင် ဆွေးနွေးလို၍သော်လည်းကောင်း Community Fever Clinic- Yangon Network ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် ဝင်ရောက်ကြည့် ရှုနိုင်သည်။
‘‘ခုချိန်မှာဖျားတာပဲဖြစ်ဖြစ်၊ကိုဗစ်သံသယပဲဖြစ်ဖြစ် ဒီဆေး ခန်းတွေကို လာပြီးဆွေးနွေးတိုင် ပင်ပြသကုသပါ။ တကယ်လို့ ဒီဆေးခန်းတွေ ပိတ်တာနဲ့ကြုံရင် ပဲဖြစ်ဖြစ်၊ ညဘက်ပဲဖြစ်ဖြစ် တစ် စုံတစ်ရာဖြစ်ရင်လည်း အစိုးရ ဆေးရုံတွေကို သွားရောက်ပြသ ပါ။ အိမ်မှာကျိတ်ပြီးတော့မနေပါ နဲ့။ အကြောင်းကြားပါ။ ကျွန် တော်တို့ပေ့ချ်မှာ တာဝန်ခံဆရာ ဝန်ဖုန်းတွေ ပေးထားတယ်။ Contact ရှိရင်လည်း ရှိတဲ့အ ကြောင်း ပြောပြပါ’’ဟု အဆိုပါ ကွန်ရက်မှ တာဝန်ခံဆရာဝန်ဖြစ် သူ ဒေါက်တာကျော်မင်းထွန်းက အကြံပြုသည်။
ယမင်း(7 Day)