BEC-TERO TV

အထီးနှင့်မိတ်လိုက်ပေါင်းဖက်ခြင်းမရှိဘဲ ထူးဆန်းစွာ ဥ များဥခဲ့သော စပါးအုံးမြွေအိုမကြီး

17 Sep 2020     1,785 Views


BBC သတင်းဌာနက အမေရိကန်ပြည်ထောင်စု၊ မစ်ဆူရီပြည်နယ်၊ စိန့်လူးဝစ်တရိစ္ဆာန်ရုံမှတာဝန်ရှိသူများသည် ၁၅ နှစ်ကျော်ကျော် မြွေအထီးနှင့် ပေါင်းဖက်ဆက်ဆံမှုမရှိသော သက်တမ်း ၆၂ နှစ်အရွယ်ရှိ (Ball python) စပါးအုံးမြွေအိုမကြီးတစ်ကောင်သည် ထူးထူးဆန်းဆန်း ဥ ၇ လုံးဥသောဖြစ်ရပ်တစ်ခုကို ဖော်ပြထားပါတယ်။

အချို့သောတွားသွားသတ္တဝါများသည် မိတ်လိုက်ဆက်ဆံစရာမလိုအပ်ဘဲမျိုးပွားနိုင်သော်လည်း (သို့) သူတို့ကိုယ်တိုင်ဥတွေဥနိုင်သော်လည်း၊ အသက် ၆၂ နှစ်တောင်ရှိပြီး တိရိစ္ဆာန်ရုံရဲ့သက်တမ်းအရင့်ဆုံးမြွေတစ်ကောင်လည်းဖြစ်သောကြောင့် ၎င်းတရိစ္ဆာန်ရုံဝန်ထမ်းများအားလုံးက တအံတအားဖြစ်သွားကြပါတယ်။ “ဒီအသက်အရွယ်ရှိမြွေတစ်ကောင်ဟာ ဥတွေဥနိုင်တာက အလွန်ထူးဆန်းတဲ့ဖြစ်ရပ်တစ်ခုပါ” လို့ ၎င်းတရိစ္ဆာန်ရုံမှ တွားသွားတိရိစ္ဆာန်ဌာနမန်နေဂျာ “မက် ဗန်နာ” ကဆိုထားပါတယ်။ ၎င်းမြွေသည် တိရိစ္ဆာန်ရုံ၌ အသက် ၃ နှစ်အရွယ်ကတည်းက ပုဂ္ဂလိကအလှူရှင်တစ်ဦးကနေ လာရောက်ပေးအပ်ထားတာဖြစ်ပါတယ်။

ထို့နောက် ဖီလာဒယ်ဖီးယားတရိစ္ဆာန်ဥယျာဉ်က မြွေအထီးတစ်ကောင်နှင့်ပေါင်းဖက်ခဲ့ပါတယ်။ နှစ်အတန်ကြာပေါင်းဖက်ခဲ့ပြီးနောက် သူအသက် ၄၇ နှစ်မှာ သေဆုံးသွားပါတယ်။ အဲ့ဒီအချိန်ကစပြီးတော့ နောက်ထပ်ဘယ်မြွေအထီးတစ်ကောင်မှ ထပ်မပေါင်းတော့ဘဲ တစ်ကောင်တည်းနေလာတာပါ။ ၎င်းမြွေအမျိုးအစားသည် အာဖရိကအနောက်ဘက်နှင့် အလယ်ပိုင်းဒေသတွေမှာ တွေ့ရှိရပြီး၊ ရိုင်းစိုင်းတဲ့ ဆိုးတဲ့အကျင့်မျိုးမရှိပါဘူး ။ ရန်သူနဲ့တွေ့လျှင် ဘော်လုံးကဲ့သို့လိုကွေးကွေးပြီးနေထိုင်တတ်သောကြောင့် သူ့ကို (Ball python) လို့အမည်ခေါ်ကြပါတယ်။ သူတို့ရဲ့အစာဟာ ကြွက်နှင့် အခြားသွားနှင့်ကိုက်ဖြတ်တတ်သော သတ္တဝါများကိုသာစားသောက်တတ်ပြီး အခြားအမျိုးအစားများဖြစ်သောစပါးအုံးမြွေ၊ စပါးကြီးမြွေများနှင့် ကွာခြားပါတယ်။

#popolaytv #popolay #popolaynews


17 Sep 2020     1,785 Views




RELATED

Most Popular of International News

Most Popular of NEWS