BEC-TERO TV

မော်လမြိုင်ဆေးရုံကြီးတွင် ကိုဗစ်အတည်ပြုလူနာများကို ၁၄ ရက်သာ ထားမည်

17 Sep 2020     1,752 Views


မွန်ပြည်နယ်အ တွင်းရှိ COVID-19 အတည်ပြုလူ နာများကို မော်လမြိုင်အထွေထွေ ရောဂါကုဆေးရုံကြီးတွင် ၁၄ရက် သာ ထားရှိတော့မည်ဖြစ်ကြောင်း မွန်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယပြည်နယ်မှူး ဒေါက်တာဝတ်မှုံက ပြောသည်။ COVID-19 အတည်ပြု လူ နာများပြားလာသည့်အပြင် ကျန်း မာရေးဝန်ထမ်းများတွင်လည်း ကူးစက်မှုများရှိလာပြီး ဝန်ထမ်း အင်အားလည်း နည်းလာသော ကြောင့် ရက်လျှော့ရခြင်းဖြစ် ကြောင်း ၎င်းကပြောသည်။

‘‘အခု တွေ့ရှိချက်တွေအရ ပိုးက ခန္ဓာကိုယ်မှာ ရှိနေပေမယ့် ၁၀ ရက်၊ ၁၁ ရက်ကျော်ရင်အခြား သူကို မကူးစက်တော့ဘူးလို့တွေ့ ရှိချက်တွေအရရော၊ အစ်မတို့နိုင် ငံရဲ့ အခြေအနေအရ လူနာတွေ လည်း များလာတယ်။ ကျန်းမာ ရေးဝန်ထမ်းတွေလည်း ကူးစက် ကြတယ်ဆိုတော့ သုံးသပ်ချက် တွေအရ ၁၄ ရက်ပဲ ထားတော့ မယ်ပေါ့’’ဟု ဒေါက်တာဝတ်မှုံက ပြောသည်။ စက်တင်ဘာ ၁၄ရက်အထိ စာရင်းများအရ မွန်ပြည်နယ်တွင် COVID-19 အတည်ပြုလူနာ ၆၇ ဦးရှိပြီး ယင်းလူနာများသည် မော်လမြိုင်ဆေးရုံကြီး COVID သီးသန့်ကုသဆောင်တွင် ကုသ နေသည်။

‘‘ပိုးမတွေ့တဲ့လူနာဆို ၁၄ ရက်မြောက်ဆို ဆင်းလို့ရပြီ။ Positive ထပ်တွေ့တယ်ဆိုရင် နောက်ထပ်ထပ်စစ်ပြီး လက္ခဏာ ပျောက်တဲ့အထိ နေရမယ်။ ဆေး ရုံမှာ ပထမအကြိမ်စစ်လို့ ပိုး မတွေ့ဘူးဆိုရင် ဆေးရုံကဆင်း ပြီး အိမ်မှာ တစ်ပတ်နေရမယ်။ သူတို့ကို ဒုတိယအကြိမ်ထပ်စစ် ဖို့တော့ ညွှန်ကြားထားတာ မရှိ ဘူးပေါ့’’ဟု ဒေါက်တာဝတ်မှုံက ပြောသည်။ ယခင်က COVID-19 အ တည်ပြုလူနာများကို ထပ်မံစစ် ဆေးကာ နှစ်ကြိမ် Negative ပြမှ သာ ဆေးရုံမှ ဆင်းခွင့်ပြုခဲ့သည်။ ဘိုဘိုဝင်းအရေးပေါ်ကယ် ဆယ်ရေးအဖွဲ့ဥက္ကဋ္ဌ ကိုဘိုဘို ဝင်းက ‘‘ပထမအကြိမ် စစ်ပြီး Positive အဖြေပေါ်ပြီး ၁၄ ရက် ဆေးရုံမှာထားတယ်။ ၁၄ ရက် ပြည့်တာနဲ့ ပေးဆင်းတယ်။

သူတို့ က Home Quarantine ခုနစ်ရက် နေရတယ်။Home Quarantine နေတဲ့အချိန်မှာ သူတို့နဲ့နီးနီးကပ် ကပ်နေလို့ မရဘူး။ သူတို့ကို သီး သန့်ထား၊ သီးသန့်ကျွေးရတယ်’’ ဟု ပြောသည်။ ကျောက်ဖြူမှပြန်လာသည့် လူနာအမှတ်(၄၈၂)နှင့် ထိတွေ့ခဲ့ သဖြင့် ရောဂါကူးစက်ခံခဲ့ရသော ဘိုဘိုဝင်းအရေးပေါ်ကယ်ဆယ် ရေးအဖွဲ့နှင့် အေးမြကြည်လင် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ စေတနာ့ဝန်ထမ်းလေးဦးသည် လည်း လက်ရှိတွင် ဆေးရုံမှ ဆင်း ခွင့်ရပြီဖြစ်ကြောင်းသိရသည်။

ထိုက်ထိုက်(7 Day)


17 Sep 2020     1,752 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS