BEC-TERO TV

လေယာဉ်ခရီးစဉ်တစ်ခုလိုခံစားရမယ့် စားသောက်ဆိုင်

15 Sep 2020     1,522 Views


နိုင်ဂျီးရီးယားနိုင်ငံက စီးပွားရေးသမားစုံတွဲနှစ်ဦးဟာ မကြာသေးမီကဖွင့်လှစ်ထားသော စိတ်ကူးယဉ်ဆန်ဆန် လေယာဉ်ပျံ ံပုံတူစားသောက်ဆိုင်တစ်ဆိုင်သတင်းက လူအများကိုစိတ်ဝင်စားသွားစေခဲ့ပါတယ်။ မြို့တော်အဘူဂျာမှာ သြဂုတ်လ ၁၅ ရက်နေ့မှာစတင်ဖွင့်လှစ်ထားပြီး “အာဘင်အဲယား” လို့အမည်ပေးထားပါတယ်။

ပျံသန်းနေသော လေယာဉ်ခရီးစဉ်တစ်ခုကဲ့သို့ ခရီးသည်များကို အစားအသောက်ဝန်ဆောင်မှုများပေးကာ ဆိုင်ရဲ့ပြတင်းပေါက်တွေမှာလည်း ကောင်းကင်ပြာများနှင့် အဖြူရောင်တိမ်တောင်အရောင်လေးတွေခြယ်သထားသော စိတ်ကူးယဉ်ဆန်တဲ့ လေယာဉ်ပျံပုံတူစားသောက်ဆိုင်တစ်ဆိုင်ဖြစ်ပါတယ်။ ဖွင့်လှစ်ထားတာမကြာသေးပေမယ့်လည်း စားသုံးသူတွေကိုဆွဲဆောင်နိုင်ပြီး အတွေ့အကြုံအသစ်ကို လာရောက်စမ်းမြည်းကြည့်ကြတဲ့သူတွေလည်း များပြားခဲ့ပါတယ်။

လေယာဉ်ပေါ်မှာ တကယ့်လေယာဉ်မယ်များ တာဝန်ထမ်းဆောင်နေသလို လေယာဉ်မှူးအခန်း(Cockpit) မှ ယူနီဖောင်းအပြည့်ဝတ်စုံနှင့် အစားအသောက်များနှင့်တကွထွက်လာသော စားပွဲထိုးများကိုလည်း စားသောက်သူများစိတ်ဝင်စားကြပါတယ်။ ကမ္ဘာတစ်ဝှမ်းပျံ့နှံ့နေသော ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် လေကြောင်းစီးပွားရေးအပါအဝင် ကမ္ဘာ့စီးပွားရေးတစ်ခုလုံးကိုလှုပ်ခတ်သွားစေသော လေကြောင်းခရီးစဉ်များခေတ္တရပ်ဆိုင်းနေသော ဤအချိန်မျိုးမှာ မပျံသန်းရ၍ လေယာဉ်ခရီးစဉ်လွမ်းတဲ့သူတွေအတွက် ဆိုင်မှာ ခံစားချက်အပြည့်အဝပြန်လည်ရရှိမယ်လို့ ဆိုင်ရှင်က ပြောထားပါတယ်။

လာရောက်စားသုံးသူတော်တော်များများက သဘောကျနှစ်သက်ကြပြီး၊ စားသုံးသူတစ်ဦးက ဒါဟာ ကိုယ်ပိုင်ဇိမ်ခံဂျက်လေယာဉ်ကြီးထဲမှာ ဝန်ဆောင်မှုအပြည့်နှင့်စီးနင်းနေရသလိုခံစားရတယ်လို့လည်း ရေးသားထားတာတွေ့ရှိရပါတယ်။

#popolaytv #popolay #popolaynews


15 Sep 2020     1,522 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS