BEC-TERO TV

မြဝတီတွင် ညမထွက်ရအမိန့်ထုတ်

15 Sep 2020     1,367 Views


ကရင်ပြည်နယ် မြဝတီမြို့မှာ စက်တင်ဘာ(၁၅)ရက်ကစပြီး ညမထွက်ရအမိန့်ထုတ်ပြန်လိုက်ပြီဖြစ်တယ်လို့ မြဝတီမြို့နယ် အုပ်ချုပ်ရေးမှူးရုံးက ထုတ်ပြန်လိုက်ပါတယ်။ အဲ့ဒီထုတ်ပြန်ချက်အရ စက်တင်ဘာလ ၁၅ ရက်နေ့ကစတင်ကာ ည ၁၂ နာရီကနေ နောက်တစ်နေ့မနက် ၄ နာကီအထိ တာဝန်ရှိသူမှအပ ဘယ်သူမှအပြင်မထွက်ကြဖို့ တားမြစ်ထားပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၃ ရက်က ကျန်းမာရေးနှင့်အားကစားဝန်ကြီးရဲ့ ထုတ်ပြန်ချက်မှာ မြဝတီမြို့မှ ၂ နှစ်သားအရွယ် အမျိုးသားကလေးငယ်တစ်ဦး အတည်ပြုလူနာအဖြစ်တွေ့ရှိပြီးနောက်ပိုင်း ခုလိုကန့်သတ်လိုက်တာဖြစ်ပါတယ်။ ဒီအမိန့်ကို ဖောက်ဖျက်ကျူးလွန်ပါက ဘေး/စီမံဥပဒေ အရအရေးယူသွားမှာဖြစ်တယ်လို့ဆိုပါတယ်။

စောရှားကချောင့်/One


15 Sep 2020     1,367 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS