ပုသိမ်မြို့တွင် စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်နှင့် ထမင်းဆိုင်များ ပါဆယ်စနစ် ဖြင့်သာ ရောင်းချခွင့်ပြု
14 Sep 2020 1,586 Views
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် COVID-19 အတည်ပြုလူနာများ ဆက်တိုက် တွေ့ရှိလာရခြင်းကြောင့် မြို့နယ် နယ်နိမိတ်အတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသည့် စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်နှင့် ထမင်းဆိုင်များတွင် ပါဆယ် စနစ်ဖြင့်သာ ရောင်းချရန် တိုင်းဒေသကြီး COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ညွှန်ကြားချက်နှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီက စက်တင်ဘာလ ၁၃ ရက်က ကြေညာချက် တစ်ရပ်ထုတ်ပြန်ခဲ့ပြီး၊ လိုက်နာမှုမရှိသည့် စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်နှင့် ထမင်းဆိုင်များကို တည်ဆဲဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။ ပုသိမ်မြို့နယ် စည်ပင်သာယာရေး ကော်မတီ က ဈေးများတွင် ဈေးရောင်းသူ၊ ဝယ်သူများ mask တပ်ရန်နှင့် စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်နှင့် ထမင်းဆိုင်များတွင် လက်ဆေးဘေစင်များ လက်သန့်ဆေးရည်များထားရှိပြီး ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက် များနှင့်အညီ ရောင်းချရန် ကြပ်မတ် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။
MRTV