BEC-TERO TV

ဟင်္သာတပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဌေးဦး၏ နေအိမ်ရှိမှန်များကို ကုန်းသီးဖြင့် ပစ်ခတ်ခံရ

14 Sep 2020     1,363 Views


ဧရာဝတီတိုင်းဒေသကြီး၊ဟင်္သာတမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဌေးဦး၏ နေအိမ်ရှိမှန်များကိုကုန်းသီးများဖြင့် စက်တင်ဘာလ ၁၁ရက်ညပိုင်းကပစ်ခဲ့ခြင်းကြောင့် ရဲစခန်း တွင်အမှုဖွင့်ထားကြောင်း ဟင်္သာတမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP) က ပြောသည်။

ဦးဌေးဦးသည် ပြည်ခိုင်ဖြိုးပါတီ၏အထွေထွေအတွင်းရေးမှူးတာဝန်ယူခဲ့သူတစ်ဦးဖြစ်ပြီး ၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် ဟင်္သာတမြို့နယ်၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်ရွေး ကောက်ခံခဲ့ရသူလည်း ဖြစ်သည်။ ယခုအခါ ဦးဌေးဦးသည် လာမည့် နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် USDP ကိုယ်စားပြု ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ထပ်မံ အရွေးချယ်ခံရန် လုပ်ဆောင်နေသူလည်း ဖြစ်ကြောင်း သိရသည်။

ပြည်မြန်မာ


14 Sep 2020     1,363 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS