တာမွေနှင့် စမ်းချောင်းတွင် ရောဂါလက္ခဏာရှာဖွေခြင်းနှင့် ကိုယ်အပူချိန်တိုင်းတာခြင်းများ ဆောင်ရွက်စဉ် အပူချိန်မြင့်သူ ၁၈ ဦး တွေ့ရှိ
11 Sep 2020 1,433 Views
တာမွေနှင့် စမ်းချောင်း မြို့နယ်တွင် ပြင်ပရောဂါလက္ခ ဏာရှာဖွေခြင်းနှင့် ကိုယ်အပူချိန် တိုင်းတာစစ်ဆေးခြင်းများပြုလုပ် ရာ အပူချိန်မြင့်သူ ၁၈ ဦးတွေ့ရှိ ကြောင်း ဒေသဆိုင်ရာတာဝန်ရှိသူ များက အတည်ပြုပြောကြား သည်။ အဆိုပါ ကိုယ်အပူချိန်မြင့် သူများတွင် တာမွေမြို့နယ်မှ ၁၆ ဦးကို နေအိမ်အသွားအလာကန့် သတ်ထားရှိပြီး စမ်းချောင်းမှနှစ်ဦးကိုမူ ကျန်းမာရေးစစ်ဆေးမှု ထပ်မံလုပ်ဆောင်ရန် စီစဉ်ထား သည်ဟု ၎င်းတို့က ဆိုသည်။
‘‘ကျွန်တော်တို့မြို့နယ်အ တွင်းမှာ ထူးခြားတယ်လို့ဆိုနိုင် တာက ကိုယ်အပူချိန်မြင့်တဲ့သူ ၁၆ ဦးတွေ့တယ်။ တွေ့တော့ သူတို့ကို အထက(၄)မှာရှိတဲ့ ဖျားကုဆေးခန်းမှာခေါ်ပြီး စနစ် တကျထားတယ်။ ညနေရောက် လို့ Quarantine စင်တာတွေပို့ မယ်လုပ်တော့ အပူချိန်ထပ်တိုင်း တဲ့အခါမှာ ပုံမှန်အနေအထားမျိုး တွေ့ခဲ့ရပါတယ်’’ ဟု တာမွေမြို့ နယ် တိုင်းလွှတ်တော်အမတ် ဦး လှသိန်းက ပြောသည်။ ထို့ကြောင့် ကိုယ်အပူချိန်မြင့် ၍ စောင့်ကြည့်ထားသူ ၁၆ ဦး၏ အခြေအနေအား ကျန်းမာရေး ဌာန တာဝန်ရှိသူများထံ အသိ ပေးရာ နေအိမ်အသွားအလာ ကန့်သတ်မှုဖြင့် တစ်ပတ်တိတိအခြေအနေစောင့်ကြည့်သွားရန် ဆုံးဖြတ်ခဲ့သည်ဟု ၎င်းက ရှင်းပြ သည်။
COVID-19 ပြည်တွင်းကူးစက်မှုတွေ့ရှိလာရသောကြောင့် စက်တင်ဘာ ၉ ရက်က တာမွေ မြို့နယ်အတွင်း ရပ်ကွက်ကြီး ၁၀ ခုတွင် လူဦးရေတစ်သိန်းဝန်းကျင် ကို ကိုဗစ်ရောဂါလက္ခဏာရှာဖွေ ခြင်းနှင့် ကိုယ်အပူချိန်တိုင်းတာ စစ်ဆေးခြင်းများ လုပ်ဆောင်ခဲ့ ခြင်းဖြစ်သည်ဟု ဦးလှသိန်းက ဆိုသည်။ တာမွေမြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနှင်းလဲ့ ရည်က ‘‘ကျွန်မတို့ ရပ်ကွက်တွေ ထဲလှည့်လည် စစ်ဆေးတဲ့နေရာ မှာ (COVID-19 ရောဂါဆိုင်ရာ) ထူးခြားဖြစ်စဉ်ဆိုတာမျိုး မတွေ့ ရှိခဲ့ပါဘူး’’ဟု မှတ်ချက်ပေးသည်။ အထက်ပါ တာမွေမြို့နယ် နှင့် တစ်ရက်တည်းစစ်ဆေးမှုများလုပ်ဆောင်ခဲ့သော စမ်းချောင်း မြို့နယ်တွင် ရပ်ကွက်သုံးခုမှ လူဦးရေ ၄,၅၀၀ ကျော်ကို စစ် ဆေးပြီးစီးခဲ့ပြီး စစ်ဆေးမှုအတွင်း ရောဂါလက္ခဏာရှိသူနှင့် ကိုယ်အ ပူချိန်မြင့်မားသူမတွေ့ရဟု ယင်း မြို့နယ် ကိုဗစ်ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော် ကျော်က ပြောသည်။
‘‘ကျွန်တော်တို့ မနက် ၈ နာရီခွဲလောက်ကနေ ညနေပိုင်း အထိ တောက်လျှောက် စစ်ဆေး တဲ့အခါမှာ ရောဂါလက္ခဏာရှိ တဲ့သူ တစ်ဦးမှ မတွေ့ပါဘူး။ သို့သော် အများထဲမှာလာအစစ် မခံဘဲ ကျွန်တော်တို့ဆီကိုတိုက် ရိုက်ဆက်သွယ်လာတဲ့ ကိုယ်အ ပူချိန်မြင့်တဲ့သူ နှစ်ဦးရှိပါတယ်’’ ဟု ၎င်းကပြောသည်။ အဆိုပါ ကိုယ်အပူချိန်မြင့် သူနှစ်ဦးကို မြို့နယ်ကျန်းမာရေးဌာနမှရည်ညွှန်းသည့်ဆေးခန်းသို့ ယမန်နေ့တွင် ပို့ဆောင်ခဲ့ပြီး လိုအပ်သလို ဆက်လက်လုပ် ဆောင်ပေးသွားမည်ဖြစ်ကြောင်း ဦးကျော်ကျော်က ရှင်းပြသည်။ စမ်းချောင်းမြို့နယ်အတွင်း COVID-19 ရောဂါလက္ခဏာ ရှာဖွေခြင်းနှင့် ကိုယ်အပူချိန်တိုင်းတာစစ်ဆေးခြင်းတို့ကို ကျွန်း တော (တောင်)၊ လင်းလွန်း (မြောက်)နှင့် လင်းလွန်း(တောင်)စသည့်ရပ်ကွက်များတွင် လုပ် ဆောင်ခဲ့သည်။
မင်းလွင်(7 Day)
#popolay #popolaytv #news